Connect with us

INTERNATIONAL ORGANIZATION

ဗီဇပြောင်း အိုမီခရွန်က ရာသီတုပ်ကွေးထက် သေဆုံးမှု ၄၀ ရာခိုင်နှုန်း ပိုများ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Manhattan ရှိ လမ်းမပေါ်တွင် နှားခေါင်းစည်းတပ်ဆင်ကာ လမ်းလျှောက်နေသော အမျိုးသမီးတစ်ဦး အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးရောက်၊ မတ် ၅ ရက် (ဆင်ဟွာ)

COVID-19 အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်က ရာသီတုပ်ကွေးထက် လူသေဆုံးမှုမှာ အနည်းဆုံး ၄၀ ရာခိုင်နှုန်း ပိုများကြောင်း အမေရိကန်သတင်းဌာနက Pharmaceutical Technology က သတင်းဖော်ပြခဲ့သည်။ဂျပန်သိပ္ပံပညာရှင်များ၏ ပြောကြားချက်အား ကိုးကား၍ မတ် ၃ ရက် နေ့ထုတ် သတင်းက ကပ်ရောဂါထိန်းချုပ်မှုများ ဖြေလျှော့ခြင်းအား အလျင်အမြန် ဖြေလျှော့ခြင်း၏ အန္တရာယ်အလားအလာကို မီးမောင်းထိုးဖော်ပြထားသည်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများက အမေရိကန်နိုင်ငံသားများအား နေအိမ်အတွင်း၌ နှာခေါင်းစည်းတပ်ဆင်ရန် မလိုတော့ကြောင်း လမ်းညွှန်ချက်များကို ဖေဖော်ဝါရီနှောင်းပိုင်းက အသစ်ပြင်ဆင် သတ်မှတ်ခဲ့သည်။

နိုင်ငံတွင်းရှိ ကျန်းမာရေးပညာရှင်များက ပြည်သူများအနေဖြင့် COVID-19 ရောဂါကို လျှော့မတွက်ကြရန် တိုက်တွန်းခဲ့သည်။

အမေရိကန်နိုင်ငံတစ်နိုင်ငံလုံးတွင် COVID-19 ကူးစက်ခံရသူစုစုပေါင်း ၇၉ သန်းကျော်ရှိခဲ့ပြီး နိုင်ငံအတွင်း စုစုပေါင်း သေဆုံးသူဦးရေ ၉၅၄,၀၀၀ ကျော်ရှိကြောင်း Johns Hopkins တက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။ (Xinhua)

…………………………………………

(English Version)
Omicron variant 40 pct more lethal than flu: report

NEW YORK, March 4 (Xinhua) — The Omicron variant of COVID-19 is at least 40 percent more lethal than seasonal flu, U.S. news outlet Pharmaceutical Technology has reported.

Citing Japanese scientists, the report on Thursday underscored the potential danger of lifting pandemic curbs too quickly.

The U.S. Centers for Disease Control and Prevention updated guidelines late February, allowing most Americans to unmask indoors.

Some health experts in the country have urged the public not to let down guard against COVID-19 entirely.

COVID-19 cases in the United States have passed 79 million, with a nationwide death toll topping 954,000, according to Johns Hopkins University data. ■