Connect with us

Economy

တရုတ်နိုင်ငံက နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်ရေး ထိန်းသိမ်းသွားမည်ဟု ကတိပြု

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၊ ချင်းသောင်မြို့ရှိ အလိုအလျောက်ကွန်တိန်နာဆိပ်ကမ်းတစ်ခုအား ၂၀၁၈ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်မှုရှိစေရေး အဆင့်များစွာပါဝင်သော အစီအစဉ်ကို ပြဌာန်းသွားမည်ဖြစ်ကြောင်း အမျိုးသား ဥပဒေပြုအဖွဲ့သို့ ဆွေးနွေးရန် တင်သွင်းသော လုပ်ငန်းအစီရင်ခံစာအရ သိရသည်။ထို့ပြင် တရုတ်နိုင်ငံက နိုင်ငံခြားကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းများအား မှာယူမှုများ လက်ခံရန်နှင့် ထုတ်လုပ်မှု ထိန်းသိမ်းရန် အထောက်အကူပြုသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားကုန်သွယ်ရေးဖွဲ့စည်းမှုနှင့် ပုံစံအသစ်များ ဖော်ထုတ်ရေး ပိုမိုမြန်ဆန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် e-commerce အခန်းကဏ္ဍအား အပြည့်အဝဖြည့်စွမ်းသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရပ်ခြား သိုလှောင်ရုံ အမြောက်အများ တည်ထောင်ရေးကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးရှိသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ တိုးမြှင့်တင်သွင်းခြင်းနှင့် ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှုတိုးတက်စေမည့် နည်းလမ်းအသစ်များကို ရှာဖွေခြင်းများအား တက်ကြွစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာက ဖြည့်စွက်ဖော်ပြထားသည်။

နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှစနစ် ထူထောင်ရာတွင်လည်း နိုင်ငံခြားကုန်သွယ်ရေး၌ ကုန်ကျစရိတ်သက်သာရေးနှင့် ထိရောက်မှုရှိရန် ကူညီရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)

1st LD-Writethru: China vows to keep foreign trade stable

BEIJING, March 5 (Xinhua) — China will adopt a package of steps to stabilize foreign trade, according to a government work report submitted Saturday to the national legislature for deliberation.

The country will help foreign trade enterprises receive orders and maintain production. It will move faster to develop new forms and models of foreign trade, give full play to the role of cross-border e-commerce, and support the establishment of a number of overseas warehouses, said the report.

The report added that China will actively increase imports of quality products and services, and explore new ways to develop trade in services and digital trade.

The building of an international logistic services system will be accelerated to help lower costs and raise efficiency in foreign trade, according to the report. Enditem
Photo : Photo taken on May 16, 2018 shows an automatic container dock in Qingdao, east China’s Shandong Province. (Xinhua/Wang Peike)