Connect with us

China

ယူကရိန်းနိုင်ငံမှ နေရပ်ပြန်တရုတ်နိုင်ငံသား ဒါဇင်ပေါင်းများစွာကို ပထမဆုံး ကယ်ဆယ်ရေး လေယာဉ်နှစ်စင်းဖြင့် ပို့ဆောင်ပေးခဲ့

ယူကရိန်းနိုင်ငံ Lviv မြို့၏ လမ်းပေါ်တွင် သွားလာနေကြသူများအား ဖေဖော်ဝါရီ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၆ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံမှ နေရပ်ပြန်ကြမည့် တရုတ်နိုင်ငံသားများအား သယ်ဆောင်လာသည့် ယာယီကယ်ဆယ်ရေးလေယာဉ်နှစ်စင်းသည် မတ် ၅ ရက်တွင် တရုတ်နိုင်ငံသို့ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပထမလေယာဉ်သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့သို့ နံနက် ၅ နာရီ ၄၁ မိနစ်တွင် ရောက်ရှိလာခဲ့သည်။ ဒုတိယလေယာဉ်သည် တရုတ်နိုင်ငံအလယ်ပိုင်း ကျိန့်ကျိုးမြို့သို့ နံနက် ၉ နာရီ ၄၆ မိနစ်တွင် ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဌာနများက ယူကရိန်းနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံများရှိ တရုတ်သံရုံးများ နှင့် ကောင်စစ်ဝန်ရုံးများအား ချက်ချင်းအရေးပေါ်တုံ့ပြန်မှု လုပ်ဆောင်ရန် လမ်းညွှန်ပေးခဲ့သည်။ တရုတ်သံရုံး နှင့် ကောင်စစ်ဝန်ရုံးများသည် ယူကရိန်းနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန် အစီအမံအမျိုးမျိုးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတရုတ်သံရုံး နှင့် ကောင်စစ်ဝန်ရုံးများသည် တရုတ်နိုင်ငံသားများအား ယူကရိန်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့ရာတွင် ကူညီရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း နှင့် တရုတ်နိုင်ငံသားများ နေရပ်သို့ ပြန်လည် ရောက်ရှိစေရန် ယာယီကယ်ဆယ်ရေးလေယာဉ်ပျံသန်းပြေးဆွဲမှုများ စီစဉ်ခဲ့ကြောင်း သိရသည်။ ( Xinhua)

————————
(English Version)

First two flights for Chinese citizens evacuated from Ukraine return home
BEIJING, March 5 (Xinhua) — Two temporary flights carrying Chinese citizens evacuated from Ukraine returned home safely on Saturday.
At 5:41 a.m., the first flight arrived in the city of Hangzhou, east China. At 9:46 a.m., the second flight arrived in Zhengzhou City in central China.
The Chinese Ministry of Foreign Affairs and relevant departments guided Chinese embassies and consulates in Ukraine and neighboring countries to launch emergency response immediately. They took multiple measures to protect the safety of Chinese citizens in Ukraine.
They have also made every effort to help evacuate Chinese citizens from Ukraine to neighboring countries and arranged temporary flights to take them home. Enditem
Photo – People walk in a street of Lviv, Ukraine, Feb. 28, 2022. (Xinhua/Chen Wenxian)