Connect with us

Europe

ယူကရိန်း နှင့် ရုရှားတို့ မတ် ၇ ရက်တွင် နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဟု ယူကရိန်း စေ့စပ်ညှိနှိုင်းသူ ပြောကြား

ရုရှား နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့အကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုအား ဘီလာရုဇ်-ပိုလန်နယ်စပ်ရှိ Belovezhskaya Pushcha သစ်တော၌ မတ် ၃ ရက်တွင် ပြုလုပ်စဉ်(Belta news agency via Xinhua)

ကိဗ် ၊ မတ် ၆ ရက် (ဆင်ဟွာ)

ယူကရိန်း နှင့် ရုရှားတို့၏ နောက်တစ်ကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို မတ် ၇ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယူကရိန်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဝင် David Arakhamia က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
“တတိယအကြိမ် တွေ့ဆုံဆွေးနွေးတာကို တနင်္လာနေ့(မတ် ၇ ရက်)မှာ ပြုလုပ်သွားမှာပါ။”ဟု ၎င်းက ဖေဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတအကြံပေး Mykhailo Podolyak က ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို မတ် ၅ ရက် သို့မဟုတ် ၆ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း မတ် ၄ ရက်တွင် ပြောကြားခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် မတ် ၄ ရက်တွင် တယ်လီဖုန်းပြောဆိုဆွေးနွေးမှုတစ်ခုအတွင်း ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ နှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွင်း လက်တွေ့ကျပြီး အပြုသဘောဆောင်သည့် ရပ်တည်ချက်တစ်ခုအား ယူဆောင်နိုင်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ပြီးခဲ့သည့် တွေ့ဆုံဆွေးနွေးမှုနှစ်ကြိမ်အား ဖေဖော်ဝါရီ ၂၈ ရက် နှင့် မတ် ၃ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Ukraine, Russia to hold next round of talks on Monday: Ukrainian negotiator
KIEV, March 5 (Xinhua) — Ukraine and Russia will hold the next round of peace talks on Monday, David Arakhamia, member of the Ukrainian delegation, said Saturday.
“The third round of talks will take place on Monday,” Arakhamia wrote on Facebook.
Ukrainian Presidential Advisor Mykhailo Podolyak said Friday the third round of talks between Ukraine and Russia will take place on Saturday or Sunday, according to local media.
Russian President Vladimir Putin said in a telephone conversation with German Chancellor Olaf Scholz Friday that Russia is open to dialogue with Ukraine. He hoped that Kiev would take a “reasonable and constructive stance” during a third round of talks between Russia and Ukraine.
Ukraine and Russia held the previous two rounds of talks on Feb. 28 and March 3. Enditem
Photo – Photo taken on March 3, 2022 shows a view of the second round of talks between Russian and Ukrainian delegations at the Belovezhskaya Pushcha on the Belarus-Poland border. (Belta news agency via Xinhua)