Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တုစနစ် လွှတ်တင်

ရုရှားနိုင်ငံက ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ပြီး နောက်တစ်ရက်တွင် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းလွှတ်တင်နေသည့် ဗီဒီယိုဖိုင်အား ရုပ်မြင်သံကြားမှတဆင့် ပြည်သူများကြည့်ရှုနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ပြုံယမ်း ၊ မတ် ၆ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK) က မတ် ၅ ရက်တွင် ” စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တု” တစ်စင်းကို စမ်းသပ်လွှတ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းဌာနက ယနေ့ မတ် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါစမ်းသပ်မှုကို အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုဌာန(NADA) နှင့် ကာကွယ်ရေးသိပ္ပံအကယ်ဒမီက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုဟ်တု၏ အချက်အလက်ပေးပို့မှု နှင့် လက်ခံရရှိမှုစနစ် ၊ ၎င်း၏ အမိန့်ပေးထိန်းချုပ်မှုစနစ် နှင့် အမျိုးမျိုးသော မြေပြင်အခြေစိုက် ထိန်းချုပ်ရေးစနစ်များအပေါ် ယုံကြည်စိတ်ချရမှုကို အတည်ပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းလွှတ်တင်မှုသည် ရက်သတ္တပတ် တစ်ပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြိမ် စမ်းသပ်ပစ်လွှတ်မှုဖြစ်သည်။ လွန်ခဲ့သောစနေနေ့က မြောက်ကိုရီးယားနိုင်ငံ အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုဌာန(NADA) သည် ” အရည်အသွေးမြင့် ပုံရိပ်များ ရိုက်ကူးပေးပို့နိုင်သောစနစ် ၊ အချက်အလက်လွှဲပြောင်းရေးစနစ် နှင့် အနေအထားထိန်းချုပ်ရေး ပစ္စည်းကိရိယာများ ” ဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည့် ထောက်လှမ်းရေး ဂြိုဟ်တုတစ်စင်းကို စမ်းသတ်လွှတ်တင်ခဲ့ကြောင်း KCNA ၏ အစောပိုင်းတွင် ဖော်ပြခဲ့သော သတင်းတစ်ပုဒ်အရ သိရသည်။(Xinhua)

………………………
(English Version)

DPRK conducts test of reconnaissance satellite system
PYONGYANG, March 6 (Xinhua) — The Democratic People’s Republic of Korea (DPRK) conducted a “reconnaissance satellite” development test on Saturday, the official Korean Central News Agency (KCNA) reported on Sunday.
The test, carried out by the National Aerospace Development Administration (NADA) and the Academy of Defence Science, confirmed the reliability of the satellite’s data transmission and reception system, its control command system and various ground-based control systems, the report said.
It was the second such test in less than a week. Last Sunday, the NADA conducted a test to confirm the “characteristics and working accuracy of high definition photographing system, data transmission system and attitude control devices,” according to an earlier KCNA report. Enditem

Photo- North Korea has conducted reconnaissance satellite tests, one day after its latest ballistic missile launch.