Connect with us

China

တရုတ်နိုင်ငံက ဂြိုဟ်တုသစ် ၇ စင်း လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးကျန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုလ်တု ၇ စင်းအား သယ်ဆောင်ထားသည့် Long March-2C ဒုံးပျံအား မတ် ၅ ရက်တွင် လွှတ်တင်နေစဉ်(ဆင်ဟွာ)

ရှီးကျန်း ၊ မတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးကျန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ ဂြိုလ်တု ၇ စင်းအား မတ် ၅ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်းအခြေစိုက် GalaxySpace ကုမ္ပဏီက ထုတ်လုပ်သည့် ဂြိုဟ်တု ၆ စင်း နှင့် စီးပွားဖြစ် အဝေးထိန်းအာရုံခံဂြိုဟ်တု ၁ စင်းတို့အား ပေကျင်းစံတော်ချိန် ည ၂ နာရီ ၁ မိနစ်တွင် Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

ယင်းဂြိုဟ်တုများသည် ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် အင်တာနက်ပစ္စည်းအစု၏ ကွန်ရက်ချိတ်ဆက်ခြင်း နည်းပညာ နှင့် ဝန်ဆောင်မှုစွမ်းရည်တို့အား စစ်ဆေးသွားမည် ဖြစ်ပြီး အဝေးထိန်းအာရုံခံနည်းပညာကိုလည်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီးများ၏ ၄၁၀ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းပျံသန်းရေးမစ်ရှင်သည် ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် ဂြိုဟ်တုများအတွက် ဆက်သွယ်ရေး နှင့် အဝေးထိန်းအာရုံံခံ ဘက်ပေါင်းစုံ ပေါင်းစည်းထားသော နည်းပညာများ အတည်ပြုခြင်း နှင့် အသုံးချခြင်းအား စတင်သွားမည် ဖြစ်ကြောင်း သိရသည်။

အသုံးချနိုင်စွမ်းသော မြေပြင်အချက်အလက်လုပ်ဆောင်သည့် စနစ်များဖြင့် တစ်ပြိုင်တည်း တွဲလုပ်သည့် အဝေးထိန်းအာရုံခံ နှင့် ဆက်သွယ်ရေးပေါင်းစည်းခြင်းတို့သည် အရေးပေါ်တုံ့ပြန်မှုများအား ထိထိရောက်ရောက် အရှိန်မြှင့်လာကြောင်း သိရသည်။

မြေပြင်အချက်အလက်လုပ်ဆောင်သည့် စနစ်အား ဂြိုဟ်တုအချက်အလက်ဆန်းစစ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Four Squares Technology က သီးခြားစီ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………….
(English Version)
China launches seven new satellites
XICHANG, March 5 (Xinhua) — China has successfully sent seven satellites into space from the Xichang Satellite Launch Center in southwest China’s Sichuan Province Saturday.
Six satellites produced by Beijing-based GalaxySpace and a commercial remote sensing satellite were launched by a Long March-2C carrier rocket at 2:01 p.m. (Beijing Time) and have entered their planned orbit.
The satellites will verify the networking technology and service capability of the low-orbit internet constellation. They will also verify remote sensing technology.
The launch marked the 410th mission of the Long March series carrier rockets.
The flight mission will start the verification and application of communication and remote-sensing integrated technologies for low-orbit satellites.
Remote sensing and communication integration, combined with intelligent ground-data processing systems, effectively accelerate emergency responses.
The ground data processing system was developed independently by Four Squares Technology, a satellite data analysis company. ■
Photo – A Long March-2C rocket carrying seven satellites blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province March 5.(Photo by Zheng Zhongli/Xinhua)