Connect with us

Europe

ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာအကူအညီ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း ဗဟိုဘဏ်အကြီးအကဲ ပြောကြား

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့၌ ပျက်စီးသွားသည့် အဆောက်အဦရှေ့တွင် လမ်းလျှောက်သွားလာနေသူများအား မတ် ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာအကူအညီ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ အမျိုးသားဘဏ် အကြီးအကဲ Kyrylo Shevchenko ၏ ပြောကြားချက်ကို ကိုးကား၍ Interfax-Ukraine သတင်းအေဂျင်စီက ဧပြီ ၅ ရက်တွင် ဖော်ပြခဲ့သည်။

“ယူကရိန်းနိုင်ငံအတွက် ခွဲဝေသတ်မှတ်ပေးခဲ့တဲ့ ဘဏ္ဍာရေးအကူအညီက အခုဆိုရင် ဒေါ်လာဘီလီယံ ၂၀ ကျော်သွားပါပြီ ။ အဲဒီထဲက တစ်စိတ်တစ်ဒေသကို ထုတ်ပေးထားပြီး ဖြစ်ပါတယ်။”ဟု ဘဏ်အကြီးအကဲ Kyrylo Shevchenko ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

မတ်လတွင် နိုင်ငံတကာအလှူရှင်များက ယူကရိန်းနိုင်ငံအတွက် ဘဏ္ဍာရေး ၊ နည်းပညာ နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ဒေါ်လာ ၁၅ ဘီလီယံ ကတိပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
Over 20 bln USD of int’l aid allocated for Ukraine: central bank chief
KIEV, April 5 (Xinhua) — More than 20 billion U.S. dollars of international aid has been allocated for Ukraine amid its conflict with Russia, the Interfax-Ukraine news agency reported on Tuesday, citing Kyrylo Shevchenko, governor of the National Bank of Ukraine.
“The financial aid allocated for Ukraine by now exceeds 20 billion dollars. A part of it has already been disbursed,” Shevchenko was quoted as saying.
In March, Shevchenko said that international donors have pledged 15 billion dollars in financial, technical and humanitarian aid for Ukraine. Enditem
Photo – Local residents walk past a damaged building in Mariupol, March 30, 2022. (Photo by Victor/Xinhua)