Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂအား ထောက်ပံ့ရေးအတွက် ကတိကဝတ်ကို ထပ်လောင်းအတည်ပြု

ပေကျင်း ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၅ ရက်တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ကုလသမဂ္ဂ၏ အဓိကအခန်းကဏ္ဍအား ထောက်ပံ့ရေးအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။ဂူတာရက်စ်သည် ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ယင်းသည် ပေကျင်းဆောင်းရာသီအိုလံပစ်အတွက် ကုလသမဂ္ဂ၏ ပံ့ပိုးမှု နှင့် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုအား အလေးထားသည့် အရေးပါမှုကို ထင်ဟပ်စေကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

သက်ဆိုင်သူများအားလုံး၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ပေကျင်းဆောင်းရာသီအိုလံပစ်သည် ပြီးပြည့်စုံသည့် အောင်မြင်မှု ဖြစ်မည်ဟု ယုံကြည်ကြောင်း နှင့် တရုတ်နိုင်ငံသည် ကမ္ဘာသို့ ပြေပြစ်သွက်လက်သည့် ပုံသဏ္ဍန် ၊ ဘေးကင်းပြီး ခမ်းနားထည်ဝါသည့် အိုလံပစ်ပြိုင်ပွဲတစ်ခုအား တင်ဆက်ခြင်း ၎င်းတို့၏ တည်ကြည်လေးနက်သည့် ကတိအား ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဂူတာရက်စ်က ဘက်ပေါင်းစုံကဏ္ဍစုံ (နိုင်ငံစုံဝါဒ)ကို ထိန်းသိမ်းခြင်း ၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် အတူပါဝင်ဆောင်ရွက်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ခြင်းတို့တွင် တရုတ်နိုင်ငံ၏ ရေရှည်အရေးပါသည့် အခန်းကဏ္ဍအား ကြိုဆိုခဲ့သည်။ ကုလသမဂ္ဂက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်အား ထောက်ခံအားပေးကြောင်း နှင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စစ်မှန်သည့် ဘက်ပေါင်းစုံကဏ္ဍစုံ (နိုင်ငံစုံဝါဒ) လက်တွေ့ကျင့်သုံးခြင်းအား အမြဲထောက်ခံအားပေးခဲ့ကြောင်း နှင့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စနစ် ဖြစ်သည်ဟု ယုံကြည်ကြောင်း ၊ ယင်းသည် ဗဟိုချက်တွင် ကုလသမဂ္ဂ နှင့် အတူ နိုင်ငံတကာစနစ် ဖြစ်ကြောင်း နှင့် စည်းမျဉ်းများ၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်ကြောင်း ၊ ယင်းသည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပေါ်တွင် အခြေခံသည့် နိုင်ငံတကာဆက်ဆံရေးအား အုပ်ချုပ်စိုးမိုးသည့် အခြေခံစံနှုန်းများ ဖြစ်ကြောင်း ဝမ်ရိက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် အဓိကအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအား အခိုင်အမာထောက်ခံအားပေးကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့်အတူ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေး နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက် အကောင်အထည်ဖော်မှုအား မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

—————————————–
(English Version)

Chinese FM reaffirms commitment to supporting UN

BEIJING, Feb. 6 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi on Saturday met with visiting United Nations Secretary-General Antonio Guterres in Beijing and reaffirmed China’s commitment to supporting the core role of the UN in international affairs.

Guterres made a trip to China to attend the opening ceremony of the Beijing 2022 Olympic Winter Games, which reflects the support of the UN for the Beijing Winter Olympics and the importance it attaches to the cooperation with China, Wang said.

He said it is believed that thanks to efforts made by all parties, the Beijing Winter Olympics will be a complete success, and China will fulfill its solemn promise of presenting a streamlined, safe and splendid Olympic Games to the world.

Guterres appreciated China’s long-term vital role in upholding multilateralism, participating in peacekeeping, and promoting development. He said the UN supports the Global Development Initiative proposed by President Xi Jinping and is willing to cooperate with China in this regard.

Wang noted that China has always advocated the practice of true multilateralism, and believes there is only one system in the world, that is the international system with the UN at its core, and there is only one set of rules, that is the basic norms governing international relations based on the UN Charter.
China firmly supports the UN in playing the core role in international affairs, Wang said.

He said China is willing to strengthen cooperation on the global development with the UN and promote the implementation of the Global Development Initiative. ■

Photo – Chinese State Councilor and Foreign Minister Wang Yi meets with visiting United Nations Secretary-General Antonio Guterres, who made a trip to China to attend the opening ceremony of the Beijing 2022 Olympic Winter Games in Beijing, capital of China, Feb. 5, 2022. (Xinhua/Gao Jie)