Connect with us

Africa & Middle East

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပါကစ္စတန်နိုင်ငံ၌ ဗလီတိုက်ခိုက်ခံရမှုအား ပြစ်တင်ရှုတ်ချ

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗလီအတွင်း ပျက်စီးသွားသောနေရာအား ကြည့်ရှုနေသူများအား မတ် ၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၇ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုအတွင်း မတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသော အကြမ်းဖက်တိုက်ခိုက်မှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ် ၆ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။

သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မတ် ၄ ရက်(သောကြာနေ့)တွင် ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ Koocha Risaldar ဗလီ၌ ဖြစ်ပွားခဲ့သည့် စက်ဆုပ်ရွံရှာဖွယ်‌ကောင်းပြီး သူရဲဘောကြောင်သော အကြမ်းဖက်တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားသည်။

သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မတ် ၄ ရက်(သောကြာနေ့)တွင် ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ Koocha Risaldar ဗလီ၌ ဖြစ်ပွားခဲ့သည့် စက်ဆုပ်ရွံရှာဖွယ်‌ကောင်းပြီး သူရဲဘောကြောင်သော အကြမ်းဖက်တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားသည်။

ကောင်စီအဖွဲ့ဝင်များက သေဆုံးသွားသူများ၏ မိသားစုဝင်များ နှင့် ပါကစ္စတန်နိုင်ငံအစိုးရအဖွဲ့အား နက်နက်ရှိုင်းရှိုင်း စာနာဝမ်းနည်းကြောင်း အလေးအနက် ပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား အလျင်အမြန် အလုံးစုံ ပြန်လည်သက်သာကောင်းမွန်ရေးအတွက် ဆုတောင်းခဲ့ကြောင်း သိရသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများ ၊ စီစဉ်သူများ ၊ ငွေကြေးထောက်ပံ့သူများ နှင့် အကြမ်းဖက်ဝါဒကို ပံ့ပိုးသူများအား တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရန် လိုအပ်ကြောင်း အလေးအနက်ဖော်ပြခဲ့ပြီး နိုင်ငံများအားလုံးအား ပါကစ္စတန်နိုင်ငံ အစိုးရနှင့်အတူ တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

၎င်းတို့၏ လုပ်နည်းလုပ်ဟန်များ နှင့် သရုပ်သကန်များအားလုံးတွင် အကြမ်းဖက်ခြင်းသည် နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးအား အဆိုးရွားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်ကြောင်း ကောင်စီဝင်များက ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်လုပ်ရပ်များသည် ဥပဒေကို ချိုးဖောက်ကာ လက်ခံနိုင်ဖွယ် မရှိကြောင်း ထပ်မံပြောဆိုကာ ၎င်းတို့၏ လှုံ့ဆော်မှုအား ထည့်သွင်းမစဉ်းစားဘဲ အကြမ်းဖက်ဝါဒကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံ‌ရေးအား ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန် နိုင်ငံများအားလုံးအတွက် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၌ မတ် ၄ ရက် သောကြာနေ့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆၃ ဦး သေဆုံးခဲ့ပြီး အခြားသူဦးရေ ၂၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………

(English Version)

UN Security Council condemns mosque attack in Pakistan
UNITED NATIONS, March 6 (Xinhua) — The United Nations Security Council on Sunday condemned Friday’s terrorist attack inside a mosque in Peshawar, Pakistan that killed dozens of people.
In a press statement, the members of the Security Council “condemned in the strongest terms the heinous and cowardly terrorist attack that took place at the Koocha Risaldar Mosque in Peshawar, Pakistan, on Friday, March 4, 2022.”
The council members expressed their deepest sympathy and condolences to the victims’ families and to the government of Pakistan and wished a speedy and full recovery to those injured.
They underlined the need to bring perpetrators, organizers, financiers and sponsors of terrorism to justice and urged all states to cooperate actively with the government of Pakistan.
They reaffirmed that terrorism in all its forms and manifestations constitutes one of the most serious threats to international peace and security.
They reiterated that acts of terrorism are criminal and unjustifiable, regardless of their motivation, and reaffirmed the need for all states to combat threats to international peace and security caused by terrorism.
The suicide bomb attack during Friday prayers left 63 people dead and about 200 others injured. ■
Photo – People inspect a damaged area of a mosque following a blast in Peshawar, Pakistan, on March 4, 2022. (Photo by Saeed Ahmad/Xinhua)