Connect with us

Europe

အီးယူက ရုရှားနိုင်ငံအပေါ် စွမ်းအင်အမှီပြုမှုကို လျှော့ချရေး လုပ်ဆောင်မည်ဟု ဥရောပကော်မရှင်ပြော

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ အီးယူရုံးချုပ်၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၈ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) အနေဖြင့် ဓာတ်ငွေ့၊ ရေနံနှင့် ကျောက်မီးသွေးများကို ရုရှားနိုင်ငံအပေါ် အမှီပြုနေခြင်းကို လျှော့ချမည့် နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က မတ် ၇ ရက်၌ ပြောကြားခဲ့သည်။

ယင်းအချက်ပြီးဆုံးပါက အီးယူအနေဖြင့် အီးယူစီးပွားရေးအား ရေရှည်တည်တံ့မှုရှိစေရန် ဆောင်ရွက်ခြင်းအတွက် လမ်းပြမြေပုံတစ်ခု ဖြစ်သော အစိမ်းရောင် သဘောတူညီချက် (Green Deal) အား အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း von der Leyen က အီတလီနိုင်ငံ ဝန်ကြီးချုပ် Mario Draghi နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အီးယူ၏ စွမ်းအင်ထိရောက်မှု တိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားခြင်းနှင့် ရုရှား-ယူကရိန်း ပဋိပက္ခကြားမှ ဈေးနှုန်းမြင့်တက်မှုမှ စားသုံးသူများအား ကာကွယ်ရန်အလို့ငှာ ဥက္ကဋ္ဌက ကာလရှည်တွင် အီးယူက အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များက အနာဂတ်တွင် ပိုမိုကြီးမားသောမျှဝေမှုကို ကိုယ်စားပြုရန် သတ်မှတ်ထားသဖြင့် စွမ်းအင်ဈေးကွက်ဖွဲ့စည်းမှုအား စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
EU to work on reducing energy dependence on Russia: EC president
BRUSSELS, March 7 (Xinhua) — The European Union (EU) is looking at ways to reduce its dependency on Russian gas, oil and coal, President of the European Commission Ursula von der Leyen said Monday.
To this end, the EU will accelerate its Green Deal, a roadmap for making the EU’s economy sustainable, von der Leyen said when meeting with Italian Prime Minister Mario Draghi.
The EU will work on improving its energy efficiency, she said.
As to the protection of consumers from the price spike amid the COVID-19 pandemic and the Russia-Ukraine conflict, the president said in the long term the EU will also have to look into its energy market composition, especially as renewables are set to represent a bigger share in the future. Enditem
Photo : European Commission President Ursula von der Leyen delivers a press statement on the European Green Deal at the EU headquarters in Brussels, Belgium, Dec. 11, 2019. (Xinhua/Zheng Huansong)