Connect with us

China

ယူကရိန်းနိုင်ငံမှ နေရပ်ပြန်တရုတ်နိုင်ငံသားများအား သယ်ဆောင်လာသည့် နောက်ထပ် လေယာဉ်နှစ်စင်း ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ Hangzhou Xiaoshan အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မတ် ၅ ရက်တွင် ယူကရိန်းနိုင်ငံမှ နေရပ်ပြန် တရုတ်နိုင်ငံသားများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၈ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံမှ နေရပ်ပြန်တရုတ်နိုင်ငံသားများအား သယ်ဆောင်လာသည့် နောက်ထပ် ယာယီလေယာဉ်နှစ်စင်းသည် မတ် ၈ ရက်တွင် တရုတ်နိုင်ငံသို့ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပထမဆုံးလေယာဉ်သည် တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့သို့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်လာပြီး ဒုတိယလေယာဉ်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့သို့ မွန်းလွှဲ ၁၂ နာရီ ၁၃ မိနစ်တွင် ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

ယခင်ရက်ပိုင်းများတွင် ယူကရိန်းနိုင်ငံမှ ပြန်လာသည့် တရုတ်နိုင်ငံသားများအား သယ်ဆောင်လာသော ယာယီလေယာဉ်လေးစင်းသည် တရုတ်နိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်လည် ရောက်ရှိလာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Another two flights taking back Chinese citizens evacuated from Ukraine return safely
BEIJING, March 8 (Xinhua) — Another two temporary flights carrying Chinese citizens evacuated from Ukraine returned home safely on Tuesday.
At 7:25 a.m., the first flight arrived in Zhengzhou City in central China, and the second flight arrived at 12:13 p.m. in Shenyang of northeast China’s Liaoning Province.
Prior to today, four temporary flights taking Chinese nationals back from Ukraine have already returned home safely. Enditem
Photo – Chinese citizens evacuated from Ukraine arrive at the Hangzhou Xiaoshan International Airport in Hangzhou, east China’s Zhejiang Province, March 5, 2022. TO GO WITH “First two flights for Chinese citizens evacuated from Ukraine return home” (Xinhua/Han Chuanhao)