Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် နာမည်ကျော် အိန္ဒိယစွယ်စုံဆင် သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းဖွယ် အခမ်းအနားပြုလုပ်

သီရိလင်္ကာနိုင်ငံ ဂမ်ပါဟာမြို့ရှိ နာမည်ကျော် စွယ်စုံဆင် "Nadungamuwa Raja" သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းနေသော ပြည်သူများအား မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မတ် ၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံသားများက မတ် ၇ ရက် အစောပိုင်း၌ ဖျားနာပြီး သေဆုံးသွားခဲ့သော နာမည်ကျော် အိန္ဒိယစွယ်စုံဆင် “Nadungamuwa Raja” သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းဖွယ် အခမ်းအနား ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ ဂမ်ပါဟာမြို့ရှိ နာမည်ကျော် စွယ်စုံဆင် “Nadungamuwa Raja” သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းနေသော ပြည်သူများအား မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ဂမ်ပါဟာမြို့ရှိ နာမည်ကျော် စွယ်စုံဆင် “Nadungamuwa Raja” သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းနေသော ပြည်သူများအား မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ဂမ်ပါဟာမြို့ရှိ နာမည်ကျော် စွယ်စုံဆင် “Nadungamuwa Raja” သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းနေသော မိန်းကလေးငယ်တစ်ဦးအား မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဆင်သည် သေဆုံးချိန်တွင် အသက် ၆၀ နှစ်ရှိပြီဖြစ်သည်။သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က သေဆုံးသွားသော စွယ်စုံဆင်အား နိုင်ငံ့ရတနာအဖြစ် အမည်စာရင်းထည့်သွင်းရန်နှင့် ၎င်း၏ကိုယ်ခန္ဓာအား အနာဂတ်မျိုးဆက်အတွက် ထိန်းသိမ်းထားရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။

အရပ်အမြင့် ၁၀.၅ ပေရှိသော အဆိုပါ ဆင်သည် နာမည်ကျော်ကြားသော ဆင်ဖြစ်သလို သီရိလင်္ကာနိုင်ငံအတွင်း အရပ်အမြင့်ဆုံး စွယ်စုံဆင်လည်း ဖြစ်ကြောင်း တောရိုင်းတိရစ္တာန်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

၎င်းဆင်တွင် ကိုယ်ပိုင် လက်နက်ကိုင်အစောင့်များရှိကြောင်းနှင့် ကန်ဒီမြို့တွင် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးအခမ်းအနားပွဲများ၌ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံတွင် အထွတ်အမြတ်ထားရာ တိရစ္ဆာန်များအဖြစ် ဆင်များသည် ဘာသာရေးအခမ်းအနားပွဲများနှင့် ရိုးရာဓလေ့ပွဲများတွင် မကြာခဏပါဝင်လေ့ရှိကြသည်။ (Xinhua)

………………………………………………
(English Version)
Sri Lanka mourns death of famous Indian tusker
Source: XinhuaEditor: huaxia2022-03-07 17:16:01
COLOMBO, March 7 (Xinhua) — Sri Lankan citizens on Monday mourned the death of the famous Indian tusker “Nadungamuwa Raja,” which died in the early hours of the day following a brief illness.
The elephant was in its sixties at the time of its death.
Sri Lankan President Gotabaya Rajapaksa instructed officials to name the deceased tusker as a national treasure and preserve its body for future generations.
Wildlife officials said the animal, towering 10.5 feet in height, was a celebrated pachyderm and the tallest tamed tusker in the country.
The elephant also had its own armed guards and had for years participated in the Buddhist religious parade known as the Esala Perahera in Kandy.
Elephants, as sacred animals in Sri Lanka, often participate in religious ceremonies and rituals. ■

Photo 1,2,3 : People mourn the death of the ceremonial tusker “Nadungamuwa Raja” in Gampaha, Sri Lanka, on March 7, 2022. Sri Lankan citizens on Monday mourned the death of the famous ceremonial tusker “Nadungamuwa Raja,” which died in the early hours of the day following a brief illness. The elephant was in its sixties at the time of its death. (Xinhua)
Photo 4 : A girl mourns the death of the ceremonial tusker “Nadungamuwa Raja” in Gampaha, Sri Lanka, on March 7, 2022. Sri Lankan citizens on Monday mourned the death of the famous ceremonial tusker “Nadungamuwa Raja,” which died in the early hours of the day following a brief illness. The elephant was in its sixties