Connect with us

North America

Apple က iPhone SE အသစ်ထုတ်ကြောင်း ကြေညာ

အသစ်ထွက်ရှိလာသည့် iPhone SE မော်ဒယ်သစ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို ၊ မတ် ၉ ရက်(ဆင်ဟွာ)

အက်ပဲလ် (Apple) က မျက်နှာပြင်အကျယ် ၄.၇ လက္မ နှင့် A15 ဘိုင်အိုနစ်ချစ်ဒ်ပြားကို အသုံးပြု၍ iPhone SE မော်ဒယ်အသစ်ကို ထုတ်လုပ်လိုက်ကြောင်း မတ် ၈ ရက်တွင် ကြေညာခဲ့သည်။5G အင်တာနက်မြန်နှုန်းအသုံးပြုထားခြင်း ၊ အချိန်ကြာကြာဘတ္တရီအသုံးပြုနိုင်ခြင်း နှင့် ရေရှည်အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ထားခြင်း တို့နှင့်အတူအဆိုပါ အိုင်ဖုန်းအက်စ်အီး(iPhone SE) ကို အရောင်သုံးမျိုးဖြင့် ဒီဇိုင်းထုတ်လုပ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အိုင်ဖုန်းအက်စ်အီး(SE) ဟာ လက်ရှိ သုံးစွဲနေသူတွေရော iPhone အမှတ်တံဆိပ် အသုံးပြုသူတွေကြားထဲမှာပါ သိပ်ကိုရေပန်းစားတဲ့မော်ဒယ်တစ်ခုပါ ၊ အဲလိုဂန္တဝင်မြောက်ဒီဇိုင်းရယ် ၊ ထူးကဲသာလွန်တဲ့စွမ်းဆောင်ရည်ရယ် ၊ သင့်တင့်မျှတတဲ့ဈေးနှုန်းရယ် အဲဒါတွေအတွက် ကျေးဇူးတင်မိတယ် ၊ ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ သိပ်ကို စွမ်းရည်ပြည့်ဝပြီး ကြာရှည်အသုံးခံတဲ့ iPhone SE ကို ဖန်တီးလိုက်ပါပြီ ” ဟု ကမ္ဘာလုံးဆိုင်ရာ iPhone ထုတ်လုပ်ရေးဈေးကွက်၏ Apple ဒုတိယဥက္ကဌ Kaiann Drance ကဆိုသည်။

အသစ်ထွက်ရှိလာမည့် iPhone SE ကို လာမည့်သောကြာနေ့(မတ် ၁၁ ရက်) မှ စတင်ကာ ကြိုတင်အမှာစာပေးပို့နိုင်ပြီး လာမည့် နောက်တစ်ပတ်သောကြာနေ့ ( မတ် ၁၈ ) ရက်တွင် ကနေဒါ ၊ တရုတ်၊ ဗြိတိန် ၊ အမေရိကန်ပြည်ထောင်စု နှင့် အခြား နိုင်ငံနှင့်ဒေသပေါင်း ၃၀ ကျော်တွင် တစ်ပြိုင်တည်းစတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

——————————

(English Version)

Apple announces new iPhone SE

SAN FRANCISCO, March 8 (Xinhua) — Apple on Tuesday announced the new iPhone SE with A15 Bionic chip and a 4.7-inch display.

Along with 5G, longer battery life, and improved durability, the iPhone SE with a new design comes in three colors, the announcement said.

“iPhone SE has been an incredibly popular choice with our existing users and for new iPhone customers, thanks to its iconic design, exceptional performance, and affordable price. This year we’ve built the most powerful and durable iPhone SE yet,” said Kaiann Drance, Apple’s vice president of Worldwide iPhone Product Marketing.

The new iPhone SE will be available for pre-order this Friday, March 11, with availability beginning Friday, March 18 in Canada, China, Britain, the United States, and more than 30 other countries and regions. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.