Connect with us

Asia

အီရန်နိုင်ငံက ဒုတိယမြောက် စစ်ဘက်ဆိုင်ရာဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်

တီဟီရန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံသည် နိုင်ငံမြောက်ပိုင်း Shahroud ပြည်နယ်အတွင်းရှိ သဲကန္တရတစ်ခုမှ ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ Noor-2 (Light-2) အမည်ရှိ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်စင်းအား မတ် ၈ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း IRNA နိုင်ငံပိုင်သတင်းအေဂျင်စီက ထုတ်လွှင့်ဖော်ပြခဲ့သည်။အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အာကာသယာဉ်တည်ဆောက်မှုနည်းပညာတပ်ဖွဲ့က တီထွင်ထုတ်လုပ်ခဲ့ပြီး ပြည်တွင်းထုတ် အဆင့်သုံးဆင့်ပါဝင်သောာ နှစ်မျိုးစပ်လောင်စာသုံး Qased (Messenger) အသုံးပြုသည့် သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့သောယင်း ဂြိုဟ်တုသည် အမြင့် ကီလိုမီတာ ၅၀၀ ၌ လည်ပတ်သွားလာနေကြောင်း သိရသည်။

အီရန်နိုင်ငံ တီဟီရန်မြို့အနောက်ဘက် ကီလိုမီတာ ၇၀ အကွာတွင် တည်ရှိသည့် ဂြိုဟ်တုထိန်းချုပ်ရေးစင်တာရှိ ထိန်းချုပ်ခန်းတစ်ခန်း၌ အလုပ်လုပ်နေသည့် ကျွမ်းကျင်ပညာရှင်တစ်ဦးအား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကင်းထောက်လှမ်းခြင်းရည်ရွယ်ချက်များအတွက် အသုံးပြုသည့် ဂြိုဟ်တုသည် တစ်စက္ကန့်လျှင် ပျမ်းမျှအမြန်နှုန်း ၆ ဒသမ ၇ ကီလိုမီတာဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းသို့ ရောက်ရှိခဲ့ကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အီရန်နိုင်ငံ၏ ဒုတိယမြောက် စစ်ဘက်ဆိုင်ရာဂြိုဟ်တုဖြစ်သည့် Noor-2 ဂြိုဟ်တုသည် ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းနိမ့်အတွင်းသို့ လွှတ်တင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလနှောင်းပိုင်းတွင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)သည် ကမ္ဘာမြေမျက်နှာပြင်အထက် ၄၂၅ ကီလိုမီတာအကွာရှိသော ဂြိုဟ်ပတ်လမ်းကြောင်းတစ်ခုထဲသို့ Noor-1 ဂြိုဟ်တုအား လွှတ်တင်ရန် Qased သယ်ဆောင်ရေးဒုံးပျံအား အသုံးပြုခဲ့ကြောင်း သိရသည်။လက်ရှိတွင် အီရန်နိုင်ငံ၌ ဂြိုဟ်ပတ်လမ်းကြောင်းထဲ စစ်ဘက်ဆိုင်ရာဂြိုဟ်တုနှစ်စင်း လွှတ်တင်ထားကြောင်း သိရသည်။ (Xinhua)
——————————

(English Version)

Iran successfully puts 2nd military satellite into orbit

TEHRAN, March 8 (Xinhua) — Iran successfully launched a military satellite named Noor-2 (Light-2) into orbit from a desert in the northern province of Shahroud on Tuesday, official news agency IRNA reported.

The satellite, which was manufactured by the Aerospace Force of Iran’s Islamic Revolution Guards Corps (IRGC) and launched on the indigenous three-stage, mixed-fuel Qased (Messenger) carrier, is orbiting at an altitude of 500 kilometers.

The satellite, which is used for reconnaissance purposes, reached the orbit with an average speed of 6.7 kilometers per second, according to the report.

Noor-2 is Iran’s second military satellite put into a low Earth orbit. In late April 2020, the IRGC used Qased carrier to launch Noor-1 into an orbit of 425 kilometers above the earth’s surface.

At present, the Islamic republic has two military satellites in orbit. ■
Photo 1 – The file photo taken on Feb. 29, 2012 shows Iran’s satellite control site located about 70 km to the west of Tehran, Iran. (Xinhua/Ahmad Halabisaz)
Photo 2 – In the file photo taken on Feb. 29, 2012, an Iranian expert is seen working in a control room at Iran’s satellite control site located about 70 km to the west of Tehran, Iran. (Xinhua/Ahmad Halabisaz)