Connect with us

Science & Technology

ရုရှားနိုင်ငံက ဩဂုတ်လတွင် Luna-25 လပေါ်သွားအာကာသယာဉ် လွှတ်တင်မည်

နိုင်ငံတကာအာကာသစခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဗလာဒီမော့စ်တော့ခ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် Amur ဒေသအရှေ့ဖျားရှိ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးနေရာမှ Luna-25 လပေါ်သွားအာကာသယာဉ် လွှတ်တင်ရန် စီစဉ်ထားကြောင်း RIA Novosti သတင်းအေဂျင်စီက ဧပြီ ၈ ရက်က သတင်းဖော်ပြခဲ့သည်။ယင်းအစီအစဉ်သည် ၄၆ နှစ်အတွင်း လပေါ်သို့ ရုရှားနိုင်ငံ၏ ပထမဆုံး မစ်ရှင်ဖြစ်လာမည်ဟု Luna-25 အား တည်ဆောက်ခဲ့သော အာကာသယာဉ်တည်ဆောက်ရေးစက်ရုံ NPO Lavochkin ရှိ လျှပ်စစ်စနစ်များဆိုင်ရာ လက်ထောက် အထွေထွေဒီဇိုင်နာ Alexander Mitkin က ပြောကြားခဲ့သည်။

နောက်ဆုံးမစ်ရှင်ဖြစ်သော Luna-24 အား ၁၉၇၆ ခုနှစ် ဩဂုတ်လက ယခင်ဆိုဗီယက်ယူနီယံက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လကမ္ဘာပေါ်မှ ပြန်လည်ယူဆောင်လာခဲ့သော နမူနာများတွင် ရေတည်ရှိနေသည်ကို သက်သေပြခဲ့သည်။

သတင်းအရ Luna-25 ၏ အဓိကတာဝန်မှာ လ၏ စက်ဝိုင်းဝင်ရိုးစွန်းဒေသတွင် ဖြည်းညင်းစွာဆင်းသက်ရေး နည်းပညာများ စမ်းသပ်ခြင်းနှင့် လကမ္ဘာတောင်ဘက်ဝင်ရိုး၏ ချိတ်ဆက်လေ့လာမှုများ ဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း သိရသည်။

Luna-25 သည် ရုရှားနိုင်ငံ၏ လကမ္ဘာစီမံကိန်းကို ပြန်လည်အသက်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။ Luna-25 မစ်ရှင်ပြီးနောက် မြေပုံထုတ်ခြင်းအတွက် Luna-26 မစ်ရှင်ကိုလည်း ၂၀၂၄ ခုနှစ်တွင်လည်းကောင်း၊ Luna-27 အား မြေဆီလွှာစူးစမ်းလေ့လာမှုအတွက် ၂၀၂၅ ခုနှစ်တွင်လည်းကောင်း၊ Luna-28 ကိုလည်း လပေါ်ရှိမြေဆီလွှာစုဆောင်းခြင်းနှင့် ရုရှား အာကာသယာဉ်မှူးများ ဆင်းသက်ရေးအစီအစဉ် ဆောင်ရွက်ခြင်းအတွက် ၂၀၂၇-၂၀၂၈ ခုနှစ်တွင်လည်းကောင်း လွှတ်တင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Russia to launch Luna-25 moon probe in August
2022-04-09 11:44:28
VLADIVOSTOK, April 9 (Xinhua) — Russia plans to launch its Luna-25 moon probe from the Vostochny Cosmodrome in the Far Eastern region of Amur on August 22, Russia’s RIA Novosti news agency reported Friday.
This would be Russia’s first mission to the Moon in 46 years, said Alexander Mitkin, Deputy General Designer for Electrical Systems at NPO Lavochkin, a spacecraft building factory where Luna-25 was made.
The last lunar mission, Luna-24, was undertaken by the former Soviet Union in August 1976, which proved presence of water in samples brought back from the Moon.
According to the report, the main tasks of Luna-25 would include testing soft landing technologies in the moon’s circumpolar region and conducting contact studies of the lunar south pole.
Luna-25 marks the reactivation of Russia’s moon program. After Luna-25, the Luna-26 mission for mapping is expected to lift off in 2024, Luna-27 for soil exploration in 2025, Luna-28 for collecting lunar soil and working out the landing scheme for Russian cosmonauts in 2027-2028. Enditem

Photo : A file photo of the International Space Station. (Xinhua)