Connect with us

Science & Technology

5G နည်းပညာဖြင့် စက်မှုလုပ်ငန်းဆိုင်ရာအဆင့်မြှင့်တင်မှုကို တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်က အလေးပေးပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် သမားရိုးကျစက်မှုလုပ်ငန်းကဏ္ဍများကို အဆင့်မြှင့်တင်ရန်အတွက် 5G နည်းပညာကို အသုံးပြုရန် အလေးပေးပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ လျူသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေ ပြည်နယ် မြို့တော် ဝူဟန့်မြို့၌ နိုဝင်ဘာ ၂၀ ရက်က ဖွင့်လှစ်ခဲ့သည့် တရုတ်နိုင်ငံ 5G+ စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်ကွန်ဖရင့်သို့ စာဖြင့်ရေးသားပေးပို့သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူများအနေဖြင့် 5G ကွန်ရက်တွင် နိုင်ငံ၏အားသာချက်များကို ကောင်းမွန်စွာအသုံးချသင့်ကြောင်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာအင်တာနက်တွင် အားနည်းသောချိတ်ဆက်မှုများ တိုးတက်ကောင်းမွန်လာစေရန်နှင့် စက်မှုကဏ္ဍတွင် ရင်ဆိုင်နေရသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အနှောင့်အယှက်ဖြစ်စေသော နည်းလမ်းများကို ရှာဖွေသင့်ကြောင်း လျူက ဆိုသည်။

ကုမ္ပဏီများအကြား တီထွင်ဆန်းသစ်မှုအတွက် ပံ့ပိုးကူညီရန် ဘဏ္ဍာရေးအဖွဲ့အစည်းများ ထူထောင်ရန်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာအခက်အခဲများကို ဖြေလျှော့ရန် ချေးငွေတိုးမြှင့်ခြင်းအတွက် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုကို စူးစမ်းလေ့လာရန် ဒုတိယဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Vice premier stresses industrial upgrade with 5G technology

BEIJING, Nov. 20 (Xinhua) — Chinese Vice Premier Liu He has emphasized using 5G technology to upgrade the traditional industrial sectors.

Liu, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in a written address to the China 5G+ Industrial Internet Conference, which opened Saturday in Wuhan, capital of central China’s Hubei Province.

Authorities should make good use of the country’s advantages in 5G network and its rich application scenarios to improve weak links in the industrial internet and explore disruptive ways to tackle the issues facing the industrial sector, Liu said.

He also called on financial institutions to step up support for innovations among companies and explore the use of digital technology for credit enhancement to ease the financing difficulties of small and medium-sized enterprises. Enditem