Connect with us

China

နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ရေးလေ့ကျင့်ခြင်း တရုတ်နိုင်ငံက စီစဉ်ကျင်းပ

၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်က ကုလသမဂ္ဂငြိမ်းချမ်းရေးဆုတံဆိပ် ချီးမြှင့်ခြင်းခံရသည့် လက်ဘနွန်နိုင်ငံဆိုင်ရာ ၁၆ ကြိမ်မြောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

“Share Destiny-2021’’ နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ရေးလေ့ကျင့်ခြင်းကို စက်တင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံအလယ်ပိုင်း Henan ပြည်နယ်တွင် ကျင်းပခဲ့သည်။

ထိုင်း၊ပါကစ္စတန်၊ မွန်ဂိုလီးယားနှင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံများမှ တပ်ဖွဲ့ဝင်များပါဝင်သော ယခုစစ်ရေးလေ့ကျင့်မှုသည် တရုတ်စစ်တပ်ဘက်မှ ပထမဆုံးအကြိမ်စီစဉ်ကျင်းပခြင်းဖြစ်သည်။

ယင်း စစ်ရေးလေ့ကျင့်မှုတွင်စစ်မြေပြင်ထောက်လှမ်းခြင်း၊ ရဲနှင့်ကင်းလှည့်ခြင်း၊ အရပ်သားများအားအကာအကွယ်ပေးခြင်း၊ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးလုပ်ငန်းများ ၊ ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးနှင့်ကပ်ရောဂါတုံ့ပြန်မှုတို့ပါ ဝင်ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်အထိကျင်းပရန်စီစဉ်ထားသောစစ်ရေးလေ့ကျင့်မှုသည် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းထံ တပ်ဖွဲ့ဝင်များ ပံ့ပိုးထားသည့်နိုင်ငံများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် အသင့်အနေအထားရှိသော တပ်ဖွဲ့ဝင်များ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စွမ်းဆောင်ရည်ကို တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
China organizes international peacekeeping drill
ZHENGZHOU, Sept. 6 (Xinhua) — “Shared Destiny-2021,” an international peacekeeping drill, kicked off Monday in central China’s Henan Province.
It is the first time the Chinese military organized such drill, with the participation of troops from countries including China, Mongolia, Pakistan and Thailand.
The drill included battlefield reconnaissance, policing and patrol, protection of civilians, counter-terrorism tasks, medical rescue and epidemic response.
Scheduled to run through Sept. 15, the drill aimed to promote pragmatic cooperation among countries contributing troops to United Nations peacekeeping and boost the capability of peacekeeping standby forces. Enditem