Connect with us

Economy

Airbus က တရုတ်နိုင်ငံတွင် A350 လေယာဉ် လွှဲပြောင်းမှုများ စတင်

ထျန်းကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

Airbus ကုမ္ပဏီက တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ကျယ်ပြန့်သောကိုယ်ထည် တပ်ဆင်ခြင်းနှင့် လွှဲပြောင်းခြင်းစင်တာ၌ A350 လေယာဉ်စီမံကိန်းအား ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းစီမံကိန်းမှာ ဥရောပလေယာဉ်တည်ဆောက်ရေး ကုမ္ပဏီအနေဖြင့် ဥရောပတိုက် ပြင်ပတွင် A350 ကဲ့သို့စီမံကိန်းအား ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။အဆိုပါ ကုမ္ပဏီသည် A350 လေယာဉ်တစ်စင်းအား Airbus Tianjin ကျယ်ပြန့်သောကိုယ်ထည် တပ်ဆင်ခြင်းနှင့် လွှဲပြောင်းခြင်းစင်တာသို့ ဇူလိုင် ၂၁ ရက်က လွှဲပြောင်းပေးခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ Airbus Tianjin ကျယ်ပြန့်သောကိုယ်ထည် တပ်ဆင်ခြင်းနှင့် လွှဲပြောင်းခြင်းစင်တာတွင် Airbus A350 စီမံကိန်းသို့ တက်ရောက်လာသည့် ဧည့်သည်များအား တွေ့ရစဉ် (ဆင်ဟွာ)

“Airbus အနေနဲ့ တရုတ်နိုင်ငံကို ကာလရှည် မဟာဗျူဟာကျတဲ့ ဈေးကွက်တစ်ခုအဖြစ် တန်ဖိုးထားပါတယ်။ တရုတ်နိုင်ငံရဲ့ ကြံ့ကြံ့ခံနိုင်ပြီး တက်ကြွတဲ့ စီးပွားရေးနဲ့ သူ့ရဲ့ လေကြောင်းလုပ်ငန်းကိုလည်း ကျွန်တော်တို့ အပြည့်အဝယုံကြည်မှုရှိပါတယ်” ဟု Airbus ၏ ဒုတိယ အမှုဆောင်ဥက္ကဋ္ဌနှင့် Airbus China ၏ အမှုဆောင်အရာရှိချုပ် George Xu က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ Airbus Tianjin ကျယ်ပြန့်သောကိုယ်ထည် တပ်ဆင်ခြင်းနှင့် လွှဲပြောင်းခြင်းစင်တာတွင် China Eastern လေကြောင်းလိုင်းသို့ လွှဲပြောင်းပေးခဲ့သည့် Airbus A350 လေယာဉ်၏ ခရီးသည်အခန်းနေရာအား ဝန်ထမ်းများက မိတ်ဆက်ပြသနေစဉ် (ဆင်ဟွာ)

“ဒီအပြောင်းအလဲအသစ်က တရုတ်နိုင်ငံနဲ့ နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို သိသာထင်ရှားစေပါတယ်။ ဒါပေမဲ့ ပိုမိုကန့်သတ်ထားတဲ့ ဖြေရှင်းချက်တွေနဲ့ အရင်းအမြစ်တွေကနေတစ်ဆင့် ပြည်တွင်း ဝယ်ယူသူတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု Xu က ဖြည့်စွက်ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ Airbus Tianjin ကျယ်ပြန့်သောကိုယ်ထည် တပ်ဆင်ခြင်းနှင့် လွှဲပြောင်းခြင်းစင်တာတွင် China Eastern လေကြောင်းလိုင်းသို့ လွှဲပြောင်းပေးခဲ့သည့် Airbus A350 လေယာဉ်၏ လေယာဉ်မှူးအခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုယ်ထည်ကျယ်ဝန်းသော စုစုပေါင်း A350 လေယာဉ်ငါးစင်းကို ၂၀၂၁ ခုနှစ်အတွင်း လွှဲပြောင်းသွားမည်ဖြစ်ကြောင်း၊ စင်တာ၏ ထုတ်လုပ်နိုင်မှုနှုန်းနှင့် ဈေးကွက်တောင်းဆိုချက် အရှိန်မြှင့်တင်ခြင်း ပြန်လည်ဆောင်ရွက်နေသဖြင့် တရုတ်နိုင်ငံမှ ဝယ်လက်များထံ ပိုမိုလွှဲပြောင်းပေးရေးမှာ ဆောင်ရွက်နေဆဲဖြစ်ကြောင်း Airbus China အရ သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ Airbus Tianjin ကျယ်ပြန့်သောကိုယ်ထည် တပ်ဆင်ခြင်းနှင့် လွှဲပြောင်းခြင်းစင်တာတွင် China Eastern လေကြောင်းလိုင်းသို့ လွှဲပြောင်းပေးခဲ့သည့် Airbus A350 လေယာဉ်ရှေ့တွင် ဝန်ထမ်းများ အဖွဲ့လိုက်ဓာတ်ပုံရိုက်နေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

A350 သည် Airbus ၏ ကိုယ်ထည်ကျယ်ဝန်းသော လေယာဉ်မျိုးဆက်သစ်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်ရည် ၊ ပျံသန်းမှု အကွာအဝေးနှင့် သက်သောင့်သက်သာရှိမှုများအား အလေးထား ထည့်သွင်းထားကြောင်း သိရသည်။ ယနေ့အထိ ကုမ္ပဏီအနေဖြင့် လေယာဉ် မှာယူမှု ၉၁၅ စင်း လက်ခံရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း လေယာဉ် ၄၃၀ စင်းခန့် လွှဲပြောင်းပေးနိုင်ခဲ့သည်။ ယင်းအနက် ခန့်မှန်းခြေ ၁၀ ရာခိုင်နှုန်းမှာ တရုတ် ဈေးကွက်သို့ ဖြစ်ကြောင်း သိရသည်။

ထျန်းကျင်းမြို့ရှိ Airbus A320 Family Final Assembly Line အနီး တည်ရှိသော Airbus Tianjin ကျယ်ပြန့်သောကိုယ်ထည် တပ်ဆင်ခြင်းနှင့် လွှဲပြောင်းခြင်းစင်တာတွင် ခရီးသည်များအခန်း တပ်ဆင်ခြင်းနှင့် ပရိဘောဂအခန်းနှင့် ဆေးရောင်ခြယ်သောဆိုင် ပါဝင်ကြောင်း သိရသည်။ (Xinhua)

———————————————————-
(English Version)

Airbus begins A350 deliveries in China

TIANJIN, July 21 (Xinhua) — Airbus has inaugurated its A350 aircraft project at its widebody completion and delivery center in north China’s Tianjin. It is the first time the European planemaker has launched such a project for the A350 outside Europe.

It delivered an A350 aircraft to China Eastern Airlines at the Airbus Tianjin Widebody Completion and Delivery Center on Wednesday.”Airbus values China as a long-term strategic market. We have full confidence in the resilience and dynamic of China’s economy and its aviation industry,” said George Xu, executive vice president of Airbus and chief executive officer of Airbus China.
“The new move demonstrates our commitments to deepening the win-win cooperation with China and better serving local customers, through more localized solutions and resources,” Xu added.
A total of five A350 widebodies will be delivered in Tianjin in 2021, and more deliveries to Chinese customers are underway as the center has ramped up its production rate and market demand is recovering, according to Airbus China.

The A350 is Airbus’ new generation of widebody aircraft, which highlights environmental performance, flight range and comfort. To date, the company has received 915 orders for the aircraft and delivered some 430 worldwide. Approximately 10 percent of the deliveries were to the Chinese market.Located near the site of the Airbus A320 Family Final Assembly Line in Tianjin, the Airbus Tianjin Widebody Completion and Delivery Center includes a cabin equipping and furnishing facility and a paint shop. Enditem

1-Photo taken on July 21, 2021 shows an Airbus A350 aircraft delivered to China Eastern Airlines at the Airbus Tianjin Widebody Completion and Delivery Center in north China’s Tianjin. Airbus has inaugurated its A350 aircraft project at its widebody completion and delivery center in north China’s Tianjin. It is the first time the European planemaker has launched such a project for the A350 outside Europe. (Xinhua/Sun Fanyue)

2-Guests attend the Airbus A350 project inauguration and first aircraft delivery ceremony at the Airbus Tianjin Widebody Completion and Delivery Center in north China’s Tianjin, July 21, 2021. Airbus has inaugurated its A350 aircraft project at its widebody completion and delivery center in north China’s Tianjin. It is the first time the European planemaker has launched such a project for the A350 outside Europe. (Xinhua/Zhang Yuwei)

3-Staff members introduce cabin facilities of an Airbus A350 aircraft delivered to China Eastern Airlines at the Airbus Tianjin Widebody Completion and Delivery Center in north China’s Tianjin, July 21, 2021. Airbus has inaugurated its A350 aircraft project at its widebody completion and delivery center in north China’s Tianjin. It is the first time the European planemaker has launched such a project for the A350 outside Europe. (Xinhua/Zhang Yuwei)

4-Photo taken on July 21, 2021 shows the cockpit of an Airbus A350 aircraft delivered to China Eastern Airlines at the Airbus Tianjin Widebody Completion and Delivery Center in north China’s Tianjin. Airbus has inaugurated its A350 aircraft project at its widebody completion and delivery center in north China’s Tianjin. It is the first time the European planemaker has launched such a project for the A350 outside Europe. (Xinhua/Zhang Yuwei)

5-Staff members pose for a group photo in front of an Airbus A350 aircraft delivered to China Eastern Airlines at the Airbus Tianjin Widebody Completion and Delivery Center in north China’s Tianjin, July 21, 2021. Airbus has inaugurated its A350 aircraft project at its widebody completion and delivery center in north China’s Tianjin. It is the first time the European planemaker has launched such a project for the A350 outside Europe. (Xinhua/Zhang Yuwei)