Connect with us

International Organizations

Apple က iPad နှင့် iPad mini အသစ် မိတ်ဆက်

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

Apple က iPad (နဝမမျိုးဆက်) နှင့် iPad mini အသစ်တို့ ကို စက်တင်ဘာ ၁၄ ရက်တွင် မိတ်ဆက်ခဲ့သည်။iPad အသစ်တွင် ယခင်မျိုးဆက်ထက် စွမ်းဆောင်မှု ၂၀ ရာခိုင်နှုန်းကျော် ပိုမိုပေးစွမ်းနိုင်သော A13 Bionic ခြစ်ပြား အသုံးပြုထားသည်။ ၁၀.၂ လက်မရှိသော Retina မျက်နှာပြင် နှင့် Center Stage နှင့်အတူ 12MP Ultra Wide ရှေ့ကင်မရာအသစ်တပ်ဆင်ထားပြီး Apple Pencil (ပထမမျိုးဆက်) နှင့် Smart Keyboard တို့အားပံ့ပိုးပေးနိုင်ကြောင်း သိရသည်။

iPad mini သည် A15 Bionic ခြစ်ပြား အသစ်အား စွမ်းဆောင်ရည်မြှင့်တင်ထားသည်။ 6-core CPU သည် စွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်း မြင့်တက်စေပြီး 5-core GPU သည် ပြီးခဲ့သည့် iPad mini မျိုးဆက်ထက် ဂရက်ဖစ်ရုပ်ထွက်စွမ်းဆောင်ရည် ၈၀ ရာခိုင်နှုန်း တိုးတက်စေကြောင်း ၎င်းကုမ္ပဏီက ဆိုသည်။

iPad mini တွင် ၈.၃ လက်မရှိ Liquid Retina မျက်နှာပြင် တပ်ဆင်ထားသည်။ ဆယ်လူလာပုံစံ 5G network အားထောက်ပံ့ထားသည်။ အဆင့်မြှင့်ထားသော Ultra Wide ရှေ့ကင်မရာနှင့်နောက်ကင်မရာနှစ်ခုလုံးတွင် 12MP ဆင်ဆာပါ ဝင်သည်။

“Liquid Retina မျက်နှာပြင် အသစ်တစ်ခုလုံး နဲ့အတူ စွမ်းဆောင်ရည်မြှင့်တင်ထားတဲ့ ရှေ့နဲ့ နောက် ရိုက်နိုင်တဲ့ အဆင့်မြင့်ကင်မရာတွေပါဝင်ပြီး၊ Center Stage၊ USB-C၊ 5G စနစ် နှင့် Apple Pencil ကို ထောက်ပံ့ပေးထားတဲ့ ipad mini အသစ်က သင်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့အချိန်မှာ ကြီးမားတဲ့ ခွန်အားကိုဖြစ်စေနိုင်ပါတယ်’’ ဟု Apple ၏ ကမ္ဘာလုံးဆိုင်ရာဈေးကွက် ဒုတိယဥက္ကဋ္ဌ Greg Joswiak က ဆိုသည်။
iPad နှင့် iPad mini ၏မျိုးဆက်သစ်တွင် ၁၀၀ ရာခိုင်နှုန်းအလူမီနီယံအဖုံးအား ပြန်လည်အသုံးထားသည်။ ယခုထုတ်လုပ်လိုက်သော iPad lineup ပုံစံတိုင်းတွင် ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပြုပြင်အသုံးပြုထားသော အလူမီနီယံအဖုံး ပါဝင်ကြောင်းကုမ္ပဏီကပြောကြားထားသည်။ (Xinhua)
———————————————-
(English Version)

Apple introduces new iPad, iPad mini

SAN FRANCISCO, Sept. 14 (Xinhua) — Apple on Tuesday introduced the new iPad (9th generation) and iPad mini.

The new iPad features the A13 Bionic chip, delivering a 20 percent performance boost over the previous generation. Equipped with a 10.2-inch Retina display and a new 12MP Ultra Wide front camera with Center Stage, it supports Apple Pencil (1st generation) and Smart Keyboard.

The iPad mini gets a performance boost from the new A15 Bionic chip. The 6-core CPU delivers a 40 percent jump in performance, and the 5-core GPU delivers an 80 percent leap in graphics performance compared to the previous generation of iPad mini, the company said.

The iPad mini is equipped with an 8.3-inch Liquid Retina display. The cellular model supports 5G network. The updated Ultra Wide front camera and back camera both feature a 12MP sensor.
“With a new all-screen Liquid Retina display, massive boost in performance, new advanced cameras on the front and back, Center Stage, USB-C, 5G, and support for Apple Pencil, the new iPad mini is a huge leap forward that can be held in the palm of your hand,” said Greg Joswiak, Apple’s senior vice president of Worldwide Marketing.

The new generation of iPad and iPad mini feature 100 percent recycled aluminum in the enclosure. Every single model in the iPad lineup now has a 100 percent recycled aluminum enclosure, the company said. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.