Connect with us

Politics, Law & Military

BRI က တရုတ်-အာဖရိက ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ကူညီလျက်ရှိ

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် (Belt and Road Initiative) အောက်ရှိ တရုတ်-အာဖရိက ပူးပေါင်းဆောင်မှုသည် COVID-19 ရောဂါစတင်ဖြစ်ပွားကတည်းက ကြံ့ကြံ့ခံနိုင်စွမ်းနှင့် တက်ကြွမှုတို့ကို ပြသလျက်ရှိသလို နှစ်ဖက်ကြား ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကူညီပေးလျက်ရှိကြောင်း နိုဝင်ဘာ ၂၆ ရက်က ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။“ခေတ်သစ်ရှိ တရုတ်နှင့် အာဖရိက – သာတူညီမျှ ပူးပေါင်းဆောင်ရွက်မှု” ဟု ခေါင်းစဉ်တပ်ထားသည့် စက္ကူဖြူစာတမ်းအရ တရုတ်-အာဖရိက ပူးတွဲစီမံကိန်းပေါင်း ၁,၁၀၀ ကျော်ရှိပြီး ကပ်ရောဂါကာလအတွင်း တရုတ်ပညာရှင်နှင့် အလုပ်သမား ၁၀၀,၀၀၀ နီးပါးသည် ၎င်းတို့၏ ရာထူးများတွင် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

နှစ်ဖက်ပူးပေါင်းကြိုးပမ်းအားထုတ်မှုအောက်တွင် အဓိကစီမံကိန်းများစွာ ပြီးမြောက်ခဲ့ခြင်း သို့မဟုတ် တိုးတက်မှုကို မြင်တွေ့ခဲ့ရကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် Mombasa-Nairobi မီးရထားလမ်းနှင့် Addis Ababa-Djibouti မီးရထားလမ်းတို့သည် အခက်အခဲကြုံတွေ့ရချိန်တွင် သယ်ယူပို့ဆောင်ရေးစွမ်းရည်ကို မြှင့်တင်ခဲ့ကြောင်း၊ COVID-19 ကို တိုက်ဖျက်ရန်၊ လူ့အသက်များကို ကာကွယ်ရန်နှင့် စီးပွားရေးပြန်လည်ထူထောင်ရန် ဒေသဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်လျက်ရှိကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ (Xinhua)

#ရပ်ဝန်းနှင့်ပိုးလမ်းမ #ပေကျင်း #ကပ်ရောဂါ #ဆင်ဟွာ
#BeltAndRoad #Beijing #Pandemic #Xinhua #Myanmar #XinhuaMyanmar
…………………………………………
(English Version)

 

BEIJING, Nov. 26 (Xinhua) — China-Africa cooperation under the Belt and Road Initiative has shown great resilience and vitality since the outbreak of COVID-19, helping anti-pandemic cooperation between the two sides, said a white paper released Friday.

According to the white paper titled “China and Africa in the New Era: A Partnership of Equals,” more than 1,100 China-Africa joint programs have continued, and nearly 100,000 Chinese technicians and workers have remained at their posts during the pandemic.

Under the combined efforts of the two sides, a number of major projects have been completed or seen progress, said the white paper.
Also, the Mombasa-Nairobi Railway and the Addis Ababa-Djibouti Railway have increased transport capacity in the face of adversity, making an important contribution to local efforts to fight COVID-19, safeguard lives, and rebuild the economy, the white paper noted. Enditem