Connect with us

Asia

CIIE က တရုတ်ဈေးကွက်အတွင်း ဝင်ရောက်မည့် စီးပွားရေးလုပ်ငန်းများအတွက် “ရွှေရောင်အခွင့်အလမ်းများ” ကမ်းလှမ်းလျက်ရှိကြောင်း ထိုင်း ဘဏ်လုပ်ငန်းရှင်ပြောကြား

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွက် ပင်မနေရာဖြစ်သော အမျိုးသားပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) အား အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

မကြာမီကျင်းပမည့် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လိုသော စီးပွားရေးလုပ်ငန်းများအတွက် “ရွှေရောင်အခွင့်အလမ်းများ” ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဦးဆောင်ဘဏ်ဖြစ်သော Kasikornbank ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Wichai Kinchong Choi က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ Kasikornbank ဘဏ်၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ Wichai Kinchong Choi အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၀ ရက်က ဆင်ဟွာမှ တွေ့ဆုံမေးမြန်းနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွက် ပင်မနေရာဖြစ်သော အမျိုးသားပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ပထမဆုံး သွင်းကုန်ပြပွဲဖြစ်သော CIIE သည် တရုတ်နိုင်ငံဈေးကွက်အတွင်းသို့ ပြည်ပမှ ကုန်စည်များနှင့် ဝန်ဆောင်များကို ပိုမိုဆောင်ကြဉ်းပေးရန် အလေးထားကြောင်း၊ ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါကြောင့် နှေးကွေးနေသော ကမ္ဘာ့စီးပွားရေးနှင့်အတူ “တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူဖို့ ကူညီရာမှာ အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟု Wichai က ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းရာ၌ ပြောခဲ့သည်။

စီးပွားရေးပြန်လည်နာလန်ထူရန် နည်းလမ်းများစွာရှိကြောင်း၊ သို့ရာတွင် ကုန်သွယ်မှုမြှင့်တင်ခြင်းက အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း၊ “ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနာလန်ထူမှုကို တွန်းအားပေးဖို့ ကျွန်တော်တို့ လိုအပ်တဲ့ ကြီးမားသောပွဲတစ်ခုအဖြစ်” CIIE ၏ အချိန်ကိုက်ဖြစ်မှုက အရေးပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

CIIE သည် ထိုင်းနိုင်ငံ၏ ပုံမှန်အဓိကပို့ကုန်နေရာများဖြစ်သော ဥရောပသမဂ္ဂ (EU) ဈေးကွက်မှာ အားနည်းနေသလို အမေရိကန်ဈေးကွက်ကလည်း မတည်ငြိမ်ဖြစ်နေသည့်အတွက် ထိုင်းကုမ္ပဏီများနှင့် ပို့ကုန်များအား တရုတ်ဈေးကွက်ကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် အခွင့်လမ်းကောင်းပေးအပ်လျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

စီးပွားရေးလုပ်ငန်းများသည် CIIE သို့ တက်ရောက်ခြင်းဖြင့် ကြားခံပွဲစားများမှတစ်ဆင့် လုပ်ကိုင်နေရသည့်အစား နောက်ဆုံးသုံးစွဲသူများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည်ဖြစ်သလို ဈေးကွက်ယှဉ်ပြိုင်မှုကို ထိန်းသိမ်းရန် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဈေးနှုန်းများအား ကောင်းမွန်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့်နှစ်နှစ်က ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ ထိုင်းကုမ္ပဏီများစွာသည် ၎င်းပြပွဲသို့ ဝင်ရောက်ပြသရန် ကြိုးပမ်းချက်ရှိကြောင်း၊ ယင်းမှာ ထိုင်း၏ ပို့ကုန်များ တရုတ်နိုင်ငံသို့ မြှင့်တင်ရာတွင် အထောက်အကူပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

Kasikornbank ဘဏ်အနေဖြင့် ယခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် CIIE ပြပွဲသို့ တက်ရောက်ရန် မှတ်ပုံတင်ထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် CIIE ပြပွဲသို့ လွဲချော်သွားခြင်းအား ပြန်ပြောင်းသတိရလျက် Wichai က “ကျွန်တော်တို့အနေနဲ့ ပထမဆုံး CIIE ပြပွဲကို ပါဝင်ချိတ်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ဖို့ နောက်ကျသွားခဲ့ပြီး ကြိုတင်စာရင်းပေးတာပြည့်သွားတာကြောင့်နဲ့ ပြခန်းအသေးလေးဖွင့်ဖို့တောင် နေရာမရှိခဲ့ဘူး” ဟု ပြောကြားခဲ့သည်။

“ဒုတိယနှစ်မှာတော့ ကျွန်တော်တို့ ပွဲမစတင်မီ နှစ်တစ်ဝက်ကျော်လောက်ကတည်းက ပြင်ဆင်ခဲ့တာပါ” ဟု ၎င်းက ပြောခဲ့သည်။

ထိုင်းနိုင်ငံတွင် ၁၉၄၅ ခုနှစ်က တည်ထောင်ခဲ့သော Kasikornbank ဘဏ်သည် တရုတ်နိုင်ငံဈေးကွက်အတွင်းသို့ ၂၀၁၇ ခုနှစ်၌ ဝင်ရောက်ခဲ့ကာ ဆန်းကျန့်၊ ချိန်တူးနှင့် ရှန်ဟိုင်း မြို့များ၌ ဘဏ်ခွဲများကို တည်ထောင်ခဲ့သည်။ “ကျွန်တော်တို့ တရုတ်ဈေးကွက်ထဲဝင်လာတဲ့အချိန်က နည်းနည်းလေးတော့ နောက်ကျနေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်မှုက ထိုင်းဘဏ်နဲ့ အာဆီယံဘဏ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ အာဆီယံဈေးကွက်နဲ့အတူ တရုတ်နိုင်ငံဈေးကွက်ကို ချိတ်ဆက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တရုတ်မှာ ဒေသခံဘဏ်လိုင်စင်ရရှိခဲ့ပြီးနောက် အခြားသော တရုတ်ဘဏ်တွေလိုမျိုးပဲ တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်နိုင်ပြီဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကမ္ဘာပေါ်တွင် လွတ်လပ်သောဈေးကွက်၏ အရေးပါဆုံးမြှင့်တင်တင်သူအဖြစ် တရုတ်နိုင်ငံအား စဉ်းစားလျက် “တရုတ်နိုင်ငံဟာ လွတ်လပ်တဲ့ဈေးကွက် မြှင့်တင်ဖို့နဲ့ တံခါးဖွင့်စီးပွားရေးအပြင် ကိုယ်ကျိုးစီးပွားကာကွယ်ရေး ကုန်သွယ်မှု တိုက်ဖျက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာကို မြင်တွေ့ခွင့်ရမှာကို ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

————————————
(English Version)
CIIE offers “golden opportunities” for businesses entering Chinese market: Thai banker
2021-11-02 10:00:54
BANGKOK, Nov. 2 (Xinhua) — The upcoming China International Import Expo (CIIE) will offer “golden opportunities” for businesses that want to tap into the Chinese market, said Wichai Kinchong Choi, senior vice president of leading Thai bank Kasikornbank.
The CIIE, the world’s first dedicated import exhibition, focuses on bringing more overseas goods and services into the Chinese market. With a sluggish world economy amid the COVID-19 pandemic, “China is playing a very important role in helping the world economy recover,” Wichai said in an interview with Xinhua.
There are many ways to recover the economy, but promoting trade is the quickest and most effective way, he said, adding that the timing of the CIIE is great, “as we need such a big event to push the global economic recovery.”
He noted that the CIIE gives Thai companies and exporters a good opportunity to better understand the Chinese market, which is crucial as among Thailand’s traditional major export destinations, the European Union (EU) market remains weak while the U.S. market is not stable, and “we rely quite a lot on the Chinese market.”

Businesses, by attending the CIIE, can also directly communicate with their end users instead of via intermediaries, enabling them to better control their products and prices to maintain a competitive edge, he said.
For the last two years, despite the COVID-19 pandemic, there were a lot of Thai companies trying to join the event, which helped promote Thailand’s exports to China, he said.
The Kasikornbank also registered to join the fourth CIIE, which is slated to be held offline in Shanghai from Nov. 5 to 10 this year.
Recalling the bank’s missing of the first CIIE in 2018, Wichai said “we tried to join the first CIIE, but we had been late (for registration) and were told that the expo had been fully-booked and there was no space even to set up a small booth.”
“In the second year, we got smart and prepared even more than half a year before the event,” he said.
Established in Thailand in 1945, the Kasikornbank entered the Chinese market in 2017 and has now set up branches in Shenzhen, Chengdu and Shanghai. “We tapped into the Chinese market a bit late, but our competitiveness is that we are a Thai Bank and ASEAN bank, and we can connect the Chinese market with the ASEAN market,” he said.
“After we got a local bank license in China, we have been able to do business in China like any other Chinese bank.” he said.
Considering China as the most significant promoter of the free market in the world, he said “we are very grateful to see China play a key role in promoting free market and open economy as well as fighting trade protectionism. It’s very important.” ■
1- Photo taken on Oct. 22, 2021 shows a view of the National Exhibition and Convention Center (Shanghai), a main venue for the fourth China International Import Expo (CIIE), in east China’s Shanghai. (Xinhua/Fang Zhe)
2- Wichai Kinchong Choi, senior vice president of leading Thai bank Kasikornbank, speaks during an interview in Bangkok, Thailand, on Oct. 20, 2021. (Xinhua/Wang Teng)
3-Photo taken on Oct. 23, 2021 shows the south square of the National Exhibition and Convention Center (Shanghai), a main venue for the fourth China International Import Expo (CIIE), in east China’s Shanghai. (Xinhua/Fang Zhe)