Connect with us

Africa & Middle East

CSTO စုပေါင်းလုံခြုံရေးကောင်စီက ကာဇက်စတန်နိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားမည်

တာဂျစ်ကစ္စတန်နိုင်ငံတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၌ ပါဝင်နေသော စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ၏ အမြင့်ဆုံးအဖွဲ့ဖြစ်သော စုပေါင်းလုံခြုံရေးကောင်စီသည် ကာဇက်စတန်နိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားရန် ဆုံးဖြတ်လိုက်ကြောင်း ကောင်စီဥက္ကဋ္ဌနှင့် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan က ဇန်နဝါရီ ၆ ရက်၌ ပြောကြားခဲ့သည်။

“ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev ရဲ့ တောင်းဆိုချက်နဲ့ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု အပါအဝင် ကာဇက်စတန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လျက်ရှိသည်ဟူသော ရှုမြင်သုံးသပ်ချက်အရ CSTO စုပေါင်းလုံခြုံရေးကောင်စီက စုပေါင်းလုံခြုံရေးစာချုပ်၏ အပိုဒ် ၄ အရ CSTO စုပေါင်းငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို ကာဇက်စတန်သို့ တပ်ဖြန့်စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု Pashinyan က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

“တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံမှာ အခြေအနေ တည်ငြိမ်သွားတဲ့ ကန့်သတ်ကာလအတွင်း တပ်ဖြန့်ရှိနေပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ရေးသားထားသည်။

နိုင်ငံအတွင်းအခြေအနေ “အလွန်တင်းမာ” လာခြင်းကြောင့် “ဖြစ်နိုင်သမျှ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားဖို့” ရည်ရွယ်ထားကြောင်း Tokayev က ဇန်နဝါရီ ၅ ရက်၌ ပြောကြားခဲ့သည်။

ကာဇက်စတန်နိုင်ငံ၏ ထက်ဝက်နီးပါးခန့်ကို ဆူပူအုံကြွသူများက သိမ်းပိုက်ထားကြောင်း၊ အထူးသဖြင့် အဲလ်မတ်တီမြို့ အခြေအနေက ခက်ခဲနေကြောင်း ၎င်းက ကာဇက်စတန် ပြည်သူများအား မိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

“ကျွန်တော် တတ်နိုင်သမျှ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ကာဇက်စတန် သမိုင်းကြောင်းမှာ ဒီလို မှောင်မိုက်တဲ့ကာလကို ကျွန်တော်တို့ အတူတကွ ကျော်လွှားသွားနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။

Tokayev က အစိုးရအဖွဲ့နုတ်ထွက်စာကို လက်ခံကြောင်း သမ္မတအမိန့်အား ဇန်နဝါရီ ၅ ရက် အစောပိုင်းက လက်မှတ်ရေးထိုးခဲ့သည်။

ယင်းအမိန့်အရ အစိုးရအဖွဲ့ဝင်များသည် အစိုးရအသစ်မဖွဲ့စည်းမီတိုင်အောင် ၎င်းတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။ (Xinhua)

………………………………….
(English Version)
CSTO Collective Security Council to deploy peacekeeping forces to Kazakhstan
Source: Xinhua
Editor: huaxia
2022-01-06 07:08:16
MOSCOW, Jan. 6 (Xinhua) — The Collective Security Council of the Collective Security Treaty Organization (CSTO), the highest body of the organization, has decided to deploy peacekeeping forces to Kazakhstan, Council Chairman and Armenian Prime Minister Nikol Pashinyan said Thursday.
“Based on the request by Kazakh President Kassym-Jomart Tokayev and in view of the threat to the national security and the sovereignty of the Republic of Kazakhstan, including the external intervention, the CSTO Collective Security Council, in accordance with Article 4 of the Collective Security Treaty, decided to deploy the CSTO Collective Peacekeeping Forces to Kazakhstan,” Pashinyan wrote on his Facebook page.
“The forces will be deployed for a limited period of time in order to stabilize the situation in the country,” he added.
Tokayev said Wednesday he intended to “act as tough as possible” as the situation in the country becomes “extremely tense.”
About half of the country’s territory is engulfed in riots, he said in his address to the people of Kazakhstan, adding that the situation is especially difficult in the Kazakh city of Almaty.
“I intend to act as tough as possible… Together we will overcome this black period in the history of Kazakhstan,” he said.
Earlier on Wednesday, Tokayev signed a presidential decree to accept the resignation of the country’s government.
In accordance with the decree, government members will continue to fulfill their duties until a new government is formed. Enditem
Photo : Servicemen from member states of the Collective Security Treaty Organization (CSTO) take part in a joint military drills in Tajikistan, Oct. 18, 2021. (Xinhua)