Connect with us

Europe

Delta ဗီဇပြောင်းဗိုင်းရပ်စ်ပျံ့နှံ့နေစဉ် Pfizer ကာကွယ်ဆေးထိရောက်မှုက ၆၄ ရာခိုင်နှုန်းထိ လျော့ကျသွားကြောင်း အစ္စရေးပြော

တဲလ်အဗစ်မြို့၊ Rabin ရင်ပြင်ရှိ ယာယီကာကွယ်ဆေးထိုးနေရာတစ်ခု၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က အစ္စရေးအမျိုးသမီးတစ်ဦး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူနေစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်သည့် Pifzer ကာကွယ်ဆေး အကျိုးအာနိသင် ထိရောက်မှုပမာဏသည် ၆၄ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အထက်ပါ အချက်အလက်အသစ်မှာ ဇွန် ၆ ရက်မှ ဇူလိုင် ၃ ရက်ကြားကာလအား ရည်ညွှန်းထားခြင်း ဖြစ်ကြောင်း၊ ယင်းပမာဏသည် မေ ၂ ရက်နှင့် ဇွန် ၅ ရက်ကြားက ရှိခဲ့သော ဆေးအာနိသင်ထိရောက်မှုပမာဏ ၉၄.၃ ရာခိုင်နှုန်းအောက် သိသိသာသာ လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ၌ Delta COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်ပျံနှံ့မှုနှင့်အတူ ယင်းကျဆင်မှုကို ကာလ တစ်လျှောက်လုံးလေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။
သို့သော်အစ္စရေးနိုင်ငံ တွင် ဆေးရုံတင်ကုသရမှုနှင့်ပြင်းထန်သော ကိုရိုနာဗိုင်းရပ် ရောဂါတို့ကိုတားဆီးရန်အတွက် ကာကွယ်ဆေး၏ထိရောက်မှုသည် လက်ရှိတွင် ခန့်မှန်းခြေ ၉၃ ရာခိုင်နှုန်းရှိသည်ဟု ထုက်ပြန်ချက်တွင်ဖြည့်စွက်ဖော်ပြထားသည်။

ဝန်ကြီးဌာနက ကိုယ်ခံအားစနစ် ကျဆင်းသွားသူများအနေဖြင့် တတိယအကြိမ် ကာကွယ်ဆေးအားထိုးနှံမှုခံယူရန် လက်ရှိတွင် တွန်းအားပေးလျက်ရှိကြောင်း၊ သို့သော် လက်ရှိတွင် လူအားလုံးကို တတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုစီမံချက် စတင်ရန် ဆုံးဖြတ်ချက်မချရသေးကြောင်း သိရသည်။

အစ္စရေးနိုင်ငံ၌ ကာကွယ်ဆေးထိုးစီမံချက်စတင်ခဲ့သည့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်မှစ၍ လူဦးရေ ၅.၆၅ သန်းကျော် သို့မဟုတ် နိုင်ငံ့လူဦးရေ၏ ၆၀.၆ရာခိုင်နှုန်းကျော်သည် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း ၊ လူဦးရေ ၅.၁၈ သန်းမှာ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–i———————-
( English Version)

Israel says Pfizer vaccine effectiveness down to 64 pct amid spread of Delta variant

JERUSALEM, July 5 (Xinhua) — The effectiveness of the Pfizer vaccine against the coronavirus has dropped to just 64 percent in Israel, the country’s Ministry of Health said in a statement on Monday.

The new figure refers to the period between June 6 and July 3, and it is significantly lower than the effectiveness rate of 94.3 percent in protection against infection, measured between May 2 and June 5.

The ministry noted that the decline was observed along with the spread of the Delta COVID-19 variant in Israel.
However, the effectiveness of the vaccine in preventing hospitalizations and severe coronavirus disease is currently estimated at 93 percent in Israel, it added.
The ministry currently promotes the administration of a third vaccine dose to those who have suffered a functional decline in the immune system, but there is currently no decision to launch a third dose campaign for the entire population.

Since the start of the vaccination campaign in Israel on Dec. 20, 2020, over 5.65 million people in Israel, or 60.6 percent of the population, have received the first dose of the vaccine, while 5.18 million have received the second dose. Enditem