Connect with us

Asia

ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ မဲစစ်တမ်းတွင် မားကိုစ့်ဂျူနီယာက ထိပ်ဆုံးမှ ဦးဆောင်နေ

ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲအတွက် ဘူလကန်ပြည်နယ်၌ မဲဆွယ်စည်းရုံးနေသော အသက် ၆၄ နှစ်အရွယ် သမ္မတလောင်း မားကိုစ့်ဂျူနီယာအား ဖေဖော်ဝါရီ ၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲအတွက် ထောက်ခံမဲစစ်တမ်းကောက်ယူမှုတွင် ဖာဒီနန်မားကိုစ့်ဂျူနီယာက ဆက်လက်ဦးဆောင်လျက်ရှိကြောင်း ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အကြိုထုတ်ပြန်သော စစ်တမ်းတစ်ခုအရ သိရသည်။Pulse Asia အဖွဲ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧပြီ ၁၆ ရက်မှ ၂၁ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူပေါင်း ၂,၄၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ယခင်ဖိလစ်ပိုင်သမ္မတ(ဟောင်း) ဖာဒီနန်မားကိုစ့်၏ သားဖြစ်သူသည် ပြည်သူ့ထောက်ခံမှု ၅၆ ရာခိုင်နှုန်းရရှိထားရာ “ သမ္မတအဖြစ် အရွေးခံရဖို့ ဆက်လက်ဦးဆောင်နေပါတယ်” ဟု စစ်တမ်းကောက်ယူရေးအဖွဲ့ကဆိုသည်။

မဲဆန္ဒရှင်အကြိုက်သမ္မတလောင်း စစ်တမ်းသည် မတ်လ နှင့် ဧပြီလအကြားတွင် “ အခြေခံအားဖြင့် အပြောင်းအလဲမရှိကြောင်း” စစ်တမ်းကောက်ယူရေးအဖွဲ့ကဆိုသည်။ မားကိုစ့်အားထောက်ခံမှုသည် “ ပထဝီနယ်မြေဒေသအလိုက်တွင် (၅၄ မှ ၆၇ ရာခိုင်နှုန်း) နှင့် စီးပွားရေးအလွှာအားလုံးတွင် (၅၆ မှ ၅၇ ရာခိုင်နှုန်း) ရှိကြောင်း” စစ်တမ်းအဖွဲ့က ဖြည့်စွက်ဖော်ပြထားသည်။

သမ္မတလောင်းအဖြစ် မားကိုစ့်နောက် ဒုတိယနေရာမှ ကပ်လိုက်နေသူမှာ ထောက်ခံမှု ၂၃ ရာခိုင်နှုန်းနှင့်အတူ လက်ရှိ ဒုတိယသမ္မတ Maria Leonor Robredo ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်အကြိုက် ထောက်ခံမှုရာခိုင်နှုန်းများတွင် အခြားသမ္မတလောင်းများသည် ဂဏန်းတစ်လုံး(ခုဂဏန်း) သို့မဟုတ် ယင်းပမာဏအောက်တွင်သာ အသီးသီး ဆက်လက်ရပ်တည်နေကြကြောင်း သိရသည်။

ထို့ပြင် စစ်တမ်းကောက်ယူမှုအရ ကမ္ဘာ့လက်ဝှေ့ကျော် ဆီးနိုတ်လွှတ်တော်အမတ် အီမန်နျူရယ် ပက်ကွီအိုက ထောက်ခံမှု ၇ ရာခိုင်နှုန်းဖြင့် တတိယနေရာ၌ လည်းကောင်း ၊ မနီလာမြို့တော်ဝန် နှင့် ယခင်ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဖရန်စစ္စကိုဒိုမဂိုဆို (Francisco Domagoso) က ထောက်ခံမှု ၄ ရာခိုင်နှုန်းဖြင့် လည်းကောင်း နှင့် ယခင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဆီးနိုတ်လွှတ်တော်အမတ် ပန်ဖီလိုလက်စ်ဆန် (Panfilo Lacson) က ၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။

ဒါဗို့စ်မြို့တော်ဝန် ဆာရာဒူတာတေးကာပီယိုက ဒုတိယသမ္မတလောင်းနေရာတွင် ဆက်လက်ဦးဆောင်နေကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။ လက်ရှိသမ္မတဒူတာတေး၏ သမီးဖြစ်သူကို ၅၅ ရာခိုင်နှုန်းသော ဖိလစ်ပိုင်ပြည်သူက မဲပေးကြလိမ့်မည်ဖြစ်ကြောင်း Pulse Asia အဖွဲ့ကဆိုသည်။

ကာပီယိုအနေဖြင့် “ မနီလာမြို့တော်မှာ ထောက်ခံမဲအများစု ၅၁ ရာခိုင်နှုန်း ၊ မင်ဒါနာအိုမြို့မှာ ၈၀ ရာခိုင်နှုန်း နဲ့ အားလုံးသော လူမှု-စီးပွားရေး အုပ်စုတွေထံက ၅၁ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ” မဲရနိုင်ကြောင်း Pulse Asia အဖွဲ့ကပြောကြာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ သမ္မတ နှင့် ဒုတိယသမ္မတတို့ကို သီးခြားစီ မဲပေးရွေးချယ်ကြရပြီး မားကိုစ့်ဂျူနီယာ နှင့် ကာပီယို တို့သည် ဘက်တစ်ဖက်တည်းဖြင့် ရွေးကောက်ပွဲကြီးကို အတူတူမဟာမိတ်ပြု ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၌ နိုင်ငံအဆင့် နှင့် ဒေသတွင်း(ပြည်နယ်အဆင့်) ရွေးကောက်ပွဲများကို လာမည့် မေ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် သမ္မတလောင်း ၁၀ ဦး နှင့် ဒုတိယသမ္မတလောင်း ၉ ဦးအသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတ၏ သက်တမ်းကို ၆ နှစ်တစ်ကြိမ်သာ ခွင့်ပြုထားကြောင်း သိရသည်။(Xinhua)

—————————-

(English Version)

Marcos Jr. continues to lead in Philippine presidential race survey
MANILA, May 2 (Xinhua) — Philippine presidential aspirant Ferdinand Marcos Jr. continues to lead the race, according to a survey released Monday, one week before the May 9 elections.

A national survey by Pulse Asia conducted from April 16 to 21 with 2,400 people aged 18 and above said that the son of former president Ferdinand Marcos “remains the choice for president” by 56 percent of likely voters.

Presidential voter preferences are “essentially constant” between March and April, the pollster said, adding that Marcos registered “majority voting figures in most geographic areas (54 to 67 percent) and all economic classes (56 to 57 percent).”
Trailing Marcos in the second place is incumbent Vice President Maria Leonor Robredo, with 23 percent.

The voting preference ratings of the other presidential candidates remained low at a single-digit or less. Boxing icon-turned-senator Emmanuel Pacquiao was in third place with 7 percent, Manila City Mayor and former actor Francisco Domagoso with 4 percent; and former-national-police-chief-turned senator Panfilo Lacson with 2 percent.

The survey also showed Davao City Mayor Sara Duterte-Carpio maintained a commanding lead in the vice-presidential race. Pulse Asia said 55 percent of the Filipinos would vote for the daughter of President Rodrigo Duterte.

Pulse Asia said Carpio “has majority voting figures in Metro Manila (51 percent), Mindanao (80 percent), and every socio-economic grouping (51 percent to 60 percent).”
In the Philippines, the president and vice president are elected separately, though Marcos and Carpio are running on the same ticket as tandem.

The national and local elections are scheduled for May 9 in the Southeast Asian country. There are 10 presidential candidates and nine vice-presidential candidates.
The Philippine constitution permits the president to serve a single six-year term. Enditem

Presidential candidate Ferdinand Marcos Jr., 64, during a proclamation rally in Bulacan Province, the Philippines, Feb. 8, 2022.