Connect with us

Eastern Europe

ရုရှားနိုင်ငံက အမေရိကန်နိုင်ငံအား ယူကရိန်းနိုင်ငံသို့ လက်နက်တပ်ဆင်ပေးခြင်းအား ရပ်တန့်ရန် တောင်းဆို

ယူကရိန်းနိုင်ငံ Irpin မြို့ရှိ လမ်းပေါ်တွင် ထိုင်နေသည့် ယူကရိန်းစစ်သားတစ်ဦးအား မတ်လ ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို လက်နက်များ ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား သံတမန်ရေးရာပေးစာတစ်စောင်အား ပေးပို့ခဲ့ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ် Anatoly Antonov က ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သောအပတ်တွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံ၏ စစ်ဆင်ရေးအား ဆန့်ကျင်ကာကွယ်ရာတွင် အထောက်အပံ့ပြုရန် အမေရိကန်ဒေါ်လာသန်း ၈၀၀ တန်ဖိုးရှိ နောက်ထပ်လုံခြုံရေးအကူအညီများဖြင့် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရုရှားနိုင်ငံသံအမတ် Anatoly Antonov က အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခအား သံတမန်ရေးရာဖြေရှင်းနည်းဖြင့် ရှာဖွေရန် အထောက်အကူမပြုကြောင်း မှတ်ချက်ပြုခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်များ ပို့လွှတ်နေသည့် အခြေအနေအား လက်မခံနိုင်ကြောင်း အလေးပေးကာ ယင်းလုပ်ငန်းအား အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်း ရုရှားနိုင်ငံသံအမတ် Anatoly Antonov ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ပြုမှုဆောင်ရွက်ချက်များနှင့်အတူ အခြေအနေအား ပိုမိုဆိုးရွားလာခဲ့ပြီး မီးထဲသို့ လောင်စာထည့်ခြင်း ဖြစ်ကြောင်း ၊ နောက်ဆုံးတွင် ၎င်းတို့၏ လက်နက်များ ထောက်ပံ့မှုကြောင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရုရှားနိုင်ငံသံအမတ် Anatoly Antonov က ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံ၏ ပေးစာအား အကြောင်းပြန်ခြင်းမရှိသေးကောင်း သံအမတ်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

—————————
(English Version)

Russia asks U.S. to stop arming Ukraine

MOSCOW, April 25 (Xinhua) — Russia has sent a diplomatic note to the United States calling on Washington to stop supplying Kiev with weapons, Russian Ambassador to the United States Anatoly Antonov said Monday.

Last week, U.S. President Joe Biden announced that the United States will provide Ukraine with additional security assistance worth 800 million U.S. dollars to bolster its defense against Russia’s military operation.

Antonov noted that Washington’s decision did not contribute to finding a diplomatic solution to the ongoing crisis.

Russia “emphasized the unacceptability of the situation where the United States is pumping weapons into Ukraine and demanded an end to this practice,” local media reported citing Antonov.
The ambassador said the United States was “aggravating the situation” and “adding fuel to the fire” with its actions, ultimately causing more deaths due to their supply of weapons.
According to the diplomat, the United States has not yet responded to Russia’s note. ■
Photo – A Ukrainian soldier sits by the road in Irpin, Ukraine, on March 4, 2022. (Photo by Diego Herrera/Xinhua)