Connect with us

Europe

La Palma မီးတောင်ပေါက်ကွဲမှုက ၂၄ ရက်မှ ၈၄ အထိ ကြာရှည်နိုင်ကြောင်း ပညာရှင်များ ခန့်မှန်း

မက်ဒရစ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်ရှိ Cumbre Vieja မီးတောင်ပေါက်ကွဲမှုမှာ ၂၄ ရက်မှ ၈၄ ရက်ကြား ကြာရှည်နိုင်မည်ဟု ခန့်မှန်းထားကြောင်း Canary ကျွန်းများဆိုင်ရာ မီးတောင်ဗေဒအင်စတီကျု (INVOLCAN) က စက်တင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းမှစတင်ကာ မီးတောင်ပေါက်ကွဲမှုအရ အဆိုပါ မီးတောင်၏ ယခင်စံချိန်တင်ပေါက်ကွဲမှုသုံးကြိမ် (၁၉၇၁ ခုနှစ်တွင် ၂၄ ရက်၊ ၁၉၄၉ ခုနှစ်တွင် ၄၇ ရက်နှင့် ၁၇၁၂ ခုနှစ်တွင် ၅၆ ရက်) ထက် ပိုမိုမရှည်ကြာနိုင်ဟုလည်း ခန့်မှန်းထားကြောင်း သိရသည်။

စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်၌ Cumbre Vieja မီးတောင်ပေါက်ကွဲမှုအား ဓာတ်ပုံရိုက်ကူးနေသည့် ဒေသခံတစ်ဦးအား စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်၏ အနောက်တောင်ဘက်ခြမ်းရှိ အပေါက် ၉ ပေါက်မှ မီးတောင်ချော်ရည်များ စီးဆင်းမှုမှာ တစ်နာရီလျှင် မီတာ ၂၀၀ အမြန်နှုန်းဖြင့် ပင်လယ်အတွင်းသို့ စီးဆင်းသွားပြီးနောက် La Palma ကျွန်းပေါ်ရှိ နေထိုင်သူလူဦးရေ ခန့်မှန်းခြေ ၈၀,၀၀၀ အနက် ၆,၀၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်၌ ယာယီစခန်းသို့ ဝင်ရောက်ရန် မော်တော်ယာဉ်များဖြင့် စောင့်ဆိုင်းနေသူများအား စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဥရောပသမဂ္ဂ၏ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု Copernicus မှ ရိုက်ကူးထားသော ဓာတ်ပုံများတွင် မြေပြင် ၁၅၄ ဟက်တာမှာ ချော်ရည်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ချော်ရည်ထုမှာ ၁၀ မီတာမှ ၁၂ မီတာအထိရှိကြောင်း အဆောက်အအုံ ၃၂၀ လုံး ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်၌ Cumbre Vieja မီးတောင်ပေါက်ကွဲနေသည်ကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မီးတောင်ချော်ရည်များ စီးဆင်းမှုကြောင့် မီးတောင်နှင့် ပင်လယ်ကြားတည်ရှိသော Todoque မြို့ငယ်လေး ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့သည်။ အိမ်ခြေ ၂၀၀ ခန့်မှာလည်း ပျက်စီးသွားခဲ့ကာ နောက်ထပ် ၅၀၀ မှာလည်း အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်၌ Cumbre Vieja မီးတောင်ပေါက်ကွဲနေသည်ကို ဓာတ်ပုံရိုက်ကူးနေသူများအား စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရွှေ့ပြောင်းသွားသော ဒေသခံများကိုလည်း ၎င်းတို့၏နေအိမ်များသို့ ခေတ္တပြန်လာကာ ပိုင်ဆိုင်ပစ္စည်းများအား စုဆောင်းသိမ်းဆည်းရန် ခွင့်ပြုထားသည်ဟု ဆိုသည်။

စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်၌ Cumbre Vieja မီးတောင်ပေါက်ကွဲနေသည်ကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်၌ Cumbre Vieja မီးတောင်ပေါက်ကွဲနေသည်ကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြို့ပြလုံခြုံရေး၊ မီးသတ်နှင့် စပိန် စစ်ဘက်ဆိုင်ရာ အရေးပေါ်အခြေအနေယူနစ် အပါအဝင် မြို့ပြကာကွယ်ရေး တပ်ဖွဲ့ဝင် ၇၅၀ ခန့်သည် ကျွန်းပေါ်နေထိုင်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ကျွန်းပေါ်ရှိ လမ်း ၆ လမ်းကိုပိတ်ထားသော်လည်း La Palma သို့ အဝင်၊ အထွက် လေကြောင်းပျံသန်းမှုကိုမူ ထိခိုက်မှုမရှိကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)
La Palma volcano eruption could last 24-84 days: expert estimate

MADRID, Sept. 22 (Xinhua) — The eruption of the Cumbre Vieja volcano on the island of La Palma in the Canary Islands is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday.

Accordingly, the flare-up, which began on Sunday afternoon, is not projected to last longer than the volcano’s three previous recorded eruptions (24 days in 1971, 47 days in 1949 and 56 days in 1712).
Around 6,000 from La Palma’s population of approximately 80,000 inhabitants have been evacuated from their homes as lava flowing from nine different vents on the southwest side of the mountain is slowly making its way to the sea at an estimated speed of 200 meters an hour.

Images taken by the European Union’s Earth observation satellite Copernicus show that 154 hectares of terrain have already been consumed by the lava to a maximum depth of 10-12 meters, and 320 buildings have been destroyed.

The lava flow has caused extensive damage in the small town of Todoque, which is located between the volcano and the sea. Around 200 homes have been destroyed and a further 500 are in danger there.
Evacuated residents have been allowed to briefly return to their homes to collect their belongings.

Around 750 civil defense personnel, including the Civil Guard, the Fire Brigade and members of the Spanish Military Emergencies Unit are ensuring the safety of the islanders. Six roads on the island have been closed, but air traffic both in and out of La Palma remains unaffected. Enditem

1- People with their vehicles wait to enter a temporary shelter on the island of La Palma in the Canary Islands, Spain, on Sept. 22, 2021. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)

2- A resident takes pictures of the eruption of the Cumbre Vieja volcano on the island of La Palma in the Canary Islands, Spain, on Sept. 21, 2021. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)

3- People with their vehicles wait to enter a temporary shelter on the island of La Palma in the Canary Islands, Spain, on Sept. 22, 2021. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)

4- People walk past a vehicle covered by volcanic ash on the island of La Palma in the Canary Islands, Spain, on Sept. 22, 2021. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)

5- Photo taken on Sept. 21, 2021 shows the eruption of the Cumbre Vieja volcano on the island of La Palma in the Canary Islands, Spain. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)

6- People take pictures of the eruption of the Cumbre Vieja volcano on the island of La Palma in the Canary Islands, Spain, on Sept. 21, 2021. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)

7- A road to the Cumbre Vieja volcano is seen closed on the island of La Palma in the Canary Islands, Spain, on Sept. 21, 2021. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)

8- A resident draws a picture of the eruption of the Cumbre Vieja volcano on the island of La Palma in the Canary Islands, Spain, on Sept. 21, 2021. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)

9- 10- Photo taken on Sept. 21, 2021 shows the eruption of the Cumbre Vieja volcano on the island of La Palma in the Canary Islands, Spain. The eruption of the Cumbre Vieja volcano is expected to last between 24 and 84 days, the Volcanology Institute of the Canary Islands (INVOLCAN) said on Wednesday. (Photo by Gustavo Valiente/Xinhua)