Connect with us

Videos

LEGO ကစားစရာအရုပ်လုပ်ငန်းစုကြီးက တရုတ်နိုင်ငံ၌ အောင်မြင်မှုကြီးမားစွာရရှိစေရန်ဆောင်ရွက်မည်

ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံအခြေစိုက် ကစားစရာအရုပ်လုပ်ငန်းစုကြီး ဖြစ်သည့် LEGO Group သည် တရုတ်နိုင်ငံတွင်ကျင်းပမည့် ၄ ကြိမ်မြောက် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ပါဝင် တက်ရောက်ရန်ရှိကြောင်းသိရသည်။ LEGO ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်မကုန်ခင် တရုတ်နိုင်ငံ၌ ဆိုင်ခွဲ ၃၀၀ မြောက် LEGO အမှတ်တံဆိပ်ကစားစရာ လက်လီအရောင်းဆိုင်ခွဲကိုဖွင့်လှစ်ရန်လျာထားကြောင်းသိရသည်။
Lego group ၏ တရုတ်နိုင်ငံဆိုင်ရာ Senior Vice President နှင့် အထွေထွေမန်နေဂျာ ဖြစ်သူ Huang Guoqiang က “ကျွန်တော်တို့ ၄ ကြိမ်မြောက် CIIE ပွဲကိုတက်ရောက်ဖို့စီစဉ်နေပါတယ်၊ ပြခန်းဒီဇိုင်း ကို ထင်ရှားစွာ တည်ဆောက်မှာတော့အသေအချာပါပဲ၊ ဒီနှစ်အတွက်လည်း ကျွန်တော်တို့ CIIE ကိုတက်ရောက်ဖို့အတွက် အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားမှာပါ နောက်ပြီး ကျွန်တော်တို့ CIIE မှာ ပါဝင်တဲ့အတွက် ခိုင်မာတဲ့ရလဒ်တွေ အကျိုးအမြတ်တွေပြန်လည်ရရှိခဲ့ပါတယ်၊ နောက်ပြီး CIIE ဟာ ကျွန်တော်တို့အတွက် ထုတ်ကုန်အသစ်တွေကိုပြသဖို့ ဥပမာအားဖြင့် Lego Monkie Kid ထုတ်ကုန်လိုမျိုး တရုတ်လူမျိုးများအတွက် ထုတ်ထားတဲ့ထုတ်ကုန်သစ်တွေကို ပြသရောင်းချပြီး ပြည်တွင်း ဝယ်ယူသူတွေကို အမှန်တကယ်ဆွဲဆောင်နိုင်တဲ့ တကယ်ကို ကောင်းမွန်တဲ့ စင်္ကြံတစ်ခု ဖြစ်ပါတယ်”
LEGO Group ၏ CEOဖြစ်သူ Niels B. Chirstiansen က “အပြုသဘောဆောင်တဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ နဲ့ အမြဲတမ်း အမှန်တကယ်ကောင်းမွန်တဲ့ပူးပေါင်းလုပ်ဆောင်မှုတွေကိုတွေ့ခဲ့ပါတယ်၊ ဒါ့အပြင် ဘက်စုံထုတ်လုပ်ရေး သို့မဟုတ် စီးပွားရေးလုပ်ငန်းတိုင်းအတွက် ပိုမိုတိုးတက်ကောင်းမွန်တဲ့စီးပွားရေး ပတ်ဝန်းကျင်တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ကျွန်ုပ်တို့ အမှန်တကယ် ကျေနပ်အားရမိပါတယ်၊ ဒါကြောင့်လည်းကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဖို့၊ LEGO အမှတ်တံဆိပ်ကို ဖြန့်ကျက်ပြီး တရုတ်နိုင်ငံတစ်ဝန်းလုံးကျယ်ပြန့်စွာ ရောင်းချနိုင်စေဖို့ ကိုလုပ်ဆောင်ဖို့ တွန်းအား ဖြစ်ခဲ့ပါတယ်”ဟုဆိုသည်။ (Xinhua)
………………………………..
(English Version)
GLOBALink | LEGO Group set to build greater China success
Denmark-based toy giant LEGO Group looks forward to attending the 4th China International Import Expo (CIIE). The company plans to open the 300th branded retail stores in China before the end of 2021.
Produced by Xinhua Global Service■