Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုင်းပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိ

ရွှေဘိုမြို့အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- ရွှေဘိုပရဟိတအသင်း)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ယနေ့ (မတ် ၂၈ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်က လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ မိုင်းပေါက်ကွဲမှုသည် ရွှေဘိုမြို့ ကားကြီးကွင်းအနီး တံတားတစ်စင်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အမျိုးသားတစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းချောင်းကူးတံတားတစ်ခုပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အခင်းဖြစ်စဉ်က ဖြတ်သန်းသွားသည့် ဒိုင်နာကားတစ်စီးပေါ်လိုက်ပါလာသူများမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို ရွှေဘိုဆေးရုံနှင့် မန္တလေးဆေးရုံကြီးများတွင် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ယနေ့ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တို့တွင်လည်း အလားတူ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.