Connect with us

North America

Moderna ၏ COVID-19 ကာကွယ်ဆေးက မျိုးဗီဇပြောင်းဗိုင်းရပ်စ်များကို ကာကွယ်နိုင်သည့် အလားအလာရှိကြောင်း ဓာတ်ခွဲခန်းက ဖော်ပြ

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်မြို့ရှိ Moderna ဇီဝနည်းပညာကုမ္ပဏီအား တွေ့ရစဉ် (ဓာတ်ပုံ- Photo credit: Moderna)

ဝါရှင်တန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ COVID-19 ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန် Delta မူကွဲဗိုင်းရပ်စ် အပါအဝင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များအား ကာကွယ်နိုင်သည့်အလားအလာရှိသည်ကို ဓာတ်ခွဲခန်းတွေ့ရှိချက်က ဖော်ပြထားကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။အဆိုပါ ရလဒ်များသည် Moderna COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီး ရက်သတ္တပတ် တစ်ပတ်ကြာပြီးနောက် ဆေးထိုးနှံထားသူ ၈ ဦးအား sera ကုမ္ပဏီ၏ ကြားဖြတ်လေ့လာမှုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းကာကွယ်ဆေးသည် တောင်အာဖရိကတွင် ပထမဆုံး တွေ့ရှိခဲ့သော B.1.351 သိပ္ပံအမည်ရှိသည့် Beta ဗီဇပြောင်းဗိုင်းရပ်စ်၊ အိန္ဒိယတွင် ပထမဆုံးတွေ့ရသော B.1.617 ၏ မျိုးကွဲသုံးခုဖြစ်သော Kappa (B.1.617.1) နှင့် the Delta variant (B.1.617.2) တို့အပြင် နိုင်ဂျီးရီးယားတွင် ပထမဆုံးတွေ့ရသည့် Eta variant (B.1.525) နှင့် ယူဂန္ဓာနှင့် အန်ဂိုလာ တို့တွင် ပထမဆုံးတွေ့ရှိခဲ့သော A.23.1 နှင့် A.VOI.V2 မျိုးဗီဇပြောင်းဗိုင်းရပ်စ် စသည်တို့အားလုံးကို တိုက်ဖျက်ရန် ကြားခံပစ္စည်းများကို ထုတ်လုပ်ပေးခဲ့ကြောင်း Moderna အဆိုအရ သိရသည်။

“အဆိုပါ အချက်အလက်အသစ်များက Moderna COVID-19 ကာကွယ်ဆေးဟာ အသစ်တွေ့ရှိတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်ဆဲဖြစ်ပါတယ်” ဟု Moderna ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Stephane Bancel က ပြောခဲ့သည်။

၎င်းအချက်အလက်အသစ်များမှာ သိပ္ပံပညာရပ်ဆိုင်ရာ အထောက်အထားတစ်ခုအဖြစ် bioRxiv ထံ တင်သွင်းထားခြင်းဖြစ်ပြီး ပညာရှင်ဆိုင်ရာသုံးသပ်ခြင်း ပြုလုပ်ထားခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

Moderna says its COVID-19 vaccine shows promise in lab setting against variants

WASHINGTON, June 29 (Xinhua) — American biotechnology company Moderna said Tuesday its COVID-19 vaccine showed promise in a lab setting against coronavirus variants, including the highly contagious Delta variant first identified in India.

The results came from vitro neutralization studies of sera from eight participants one week after they received the second dose of the Moderna COVID-19 vaccine.
The vaccine produced neutralizing titers against all variants tested, including additional versions of the Beta variant, scientifically named B.1.351 which was first identified in South Africa; three lineage variants of B.1.617 which was first identified in India, including the Kappa (B.1.617.1) and the Delta variant (B.1.617.2); the Eta variant (B.1.525) which was first identified in Nigeria; and the A.23.1 and A.VOI.V2 variants first identified in Uganda and Angola, respectively, according to Moderna.

“These new data are encouraging and reinforce our belief that the Moderna COVID-19 vaccine should remain protective against newly detected variants,” said Chief Executive Officer of Moderna Stephane Bancel.

These data were submitted as a preprint to bioRxiv, and have not yet been peer-reviewed. ■
File photo of biotechnology company Moderna in Cambridge, Massachusetts, the United States. (Photo credit: Moderna)