Connect with us

Europe

ရုရှားနိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေရေးဆောင်ရွက်

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (ယာ) က ကရင်မလင်နန်းတော်၌ တာ့ခ်မင်သမ္မတ Serdar Berdimuhamedov နှင့် ၂၀၂၂ ခုနှစ် ဇွန် ၁၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-ကရင်မလင်နန်းတော်)

မော်စကို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် အလည်အပတ်ရောက်ရှိနေသော တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Serdar Berdimuhamedov တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမှုရှိစေရေး ကြေညာချက်ကို ဇွန် ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကရင်မလင်နန်းတော်မှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၌ နိုင်ငံရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေး စသည့်နယ်ပယ်များတွင် ရုရှား- တာ့ခ်မင်နစ္စတန် ပူးပေါင်းဆောင်ရွက်မှုအနာဂတ်အတွက် ဦးစားပေးကိစ္စရပ်များကို ဖော်ပြထားသည်။

Berdimuhamedov သည် မတ်လက တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်သော ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သော သဘောတူစာချုပ် ၁၄ ခုကိုလည်း ယင်းကြေညာချက်တွင် ဖြည့်စွက်ထည့်သွင်းခဲ့သည်။

Berdimuhamedov နှင့် တွေ့ဆုံမှုသည် ချစ်ကြည်ရင်းနှီဖွယ်ကောင်းကြောင်း၊ “ရုရှားနှင့် တာ့ခ်မင်နစ္စတန်ကြား ပူးပေါင်းဆောင်ရွက်မှု၏ စစ်မှန်သော မိတ်ဖက်ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု သဘောသဘာဝဖြစ်ကြောင်း” ပူတင်က ကရင်မလင်နန်းတော်၌ သမ္မတနှစ်ဦးဆွေးနွေးမှုအပြီးတွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပူတင်သည် Berdimuhamedov အား “နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ကြီးမားစွာ ကူညီပံ့ပိုးပေးသည့်အတွက်” Order of Friendship ဆုတံဆိပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………………
(English Version)
Russia, Turkmenistan to strengthen strategic partnership
MOSCOW, June 10 (Xinhua) — Russian President Vladimir Putin and visiting Turkmen President Serdar Berdimuhamedov signed the Declaration on Deepening Strategic Partnership here on Friday.

The document published by the Kremlin sets out the priorities for future Russia-Turkmenistan cooperation in the political, trade and investment, cultural and humanitarian, and security fields.

In addition to the declaration, 14 other documents were also signed during Berdimuhamedov’s official visit to Russia, his first foreign trip after the inauguration as the Turkmen president in March.

After their talks in the Kremlin, Putin told a briefing that the meeting with Berdimuhamedov took place in a friendly atmosphere, “the truly partnership and mutually beneficial nature of cooperation between Russia and Turkmenistan.”

Putin presented the Order of Friendship to Berdimuhamedov “for his great contribution to strengthening the strategic partnership between the two countries.” ■
Photo- Russian President Vladimir Putin (R) meets with Turkmen President Serdar Berdimuhamedov in the Kremlin on June 10, 2022. (Kremlin photo)