Connect with us

China

ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းဥပဒေ တစ်နှစ်ကြာပြီးနောက် တံခါးဖွင့်ဝါဒ ပိုမိုကျယ်ပြန့်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ Sanya မြို့တွင် ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း စီမံကိန်းများတည်ဆောက်ရေး စတင်ကြောင်း ကြေညာသည့်အခမ်းအနားအား ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (FTP) ဥပဒေကို ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်က အကောင်အထည်ဖော်ချိန်မှစ၍ ဟိုင်နန်ပြည်နယ်၌ ဥပဒေသစ်ဖြင့် ဟိုင်နန် FTP ၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စေရေးနှင့် တံခါးဖွင့်ဝါဒ ပိုမိုကျယ်ပြန့်စေရေး အာမခံချက်ရရှိစေရန် ဒေသတွင်းဥပဒေကို အရှိန်မြှင့်တင်ပေးမည့် ဆက်စပ်သော စည်းမျဉ်းစည်းကမ်း ၁၇ ခုကို ထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေအရ ဟိုင်နန် FTP တည်ဆောက်ရေးကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်မှုရှိရေးနှင့် အဆင်ပြေချောမွေ့ရေးအပေါ် အာရုံစိုက်လျက်ရှိသည်။

ဟိုင်နန် FTP ဥပဒေတွင် လုပ်ငန်းစဉ်အကောင်အထည်ဖော်ရေး၊ အထူးသဖြင့် တံခါးဖွင့်ဝါဒအဆင့်မြှင့်တင်နိုင်ရန် ဥပဒေကြောင်းအရ ပံ့ပိုးမှုအရှိန်မြှင့်တင်ရာ၌ ရောင်ပြန်ဟပ်စေမည့် နိုင်ငံခြားနှင့် ဆက်စပ်သောအကြောင်းအရာများ ပိုမိုလိုအပ်လျက်ရှိကြောင်း ဟိုင်နန်အခြေစိုက် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု အကြီးအကဲ Chi Fulin က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်အတွင်း ဟိုင်နန်ပြည်နယ်တွင် ဟိုင်နန် FTP တည်ဆောက်မှုကို စံနှုန်းမြင့်မားသော နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးဥပဒေများနှင့်အညီ မျှတစွာယှဉ်ပြိုင်မှု၊ ဒေဝါလီခံရမှု၊ ဉာဏပစ္စည်းမူပိုင်ခွင့် (IPR) ကာကွယ်မှုနှင့် စီးပွားရေးဆိုင်ရာမှတ်ပုံတင်စာရင်းမှပယ်ဖျက်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ထားခဲ့သည်။

ဟိုင်နန်ပြည်နယ်တွင် အဖွဲ့အစည်းဆိုင်ရာ တီထွင်ဆန်းသစ်မှုကို အဆင့်မြှင့်တင်ထားပြီး တရုတ်သွင်ပြင်လက္ခဏာများဖြင့် FTP ဒေဝါလီခံခြင်းစနစ်ကို ထူထောင်ထားသည်။ ဟိုင်ခို ဒေဝါလီခံခြင်းဆိုင်ရာ တရားရုံးသည် ယင်းပြည်နယ်၌ ပထမဆုံးဖြစ်ပြီး ဒေဝါလီခံခြင်းနှင့် ဆက်စပ်သောအမှုများကို လုပ်ကိုင်ဆောင်ရွက်ရန် ယမန်နှစ် ဒီဇင်ဘာလက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားရုံးတွင် မေလအထိ ဒေဝါလီခံခြင်းနှင့် စာရင်းဖျက်သိမ်းခြင်းအမှုပေါင်း ၁၉၉ မှုကို ကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီး ဒေဝါခံခြင်းစရိတ်များ လျှော့ချရေးလုပ်ဆောင်ပေးသလို စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံရာတွင် ဖြေလျှော့မှုများ တိုးမြှင့်ပေးလျက်ရှိကြောင်း ဟိုင်ခိုဒေဝါလီခံခြင်းဆိုင်ရာတရားရုံး အကြီးအကဲ He Ziling က ပြောခဲ့သည်။

FTP ဥပဒေကို ပံ့ပိုးပေးသောဥပဒေအဖြစ် IPR ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာခဲ့ခြင်းဖြစ်ပြီး ဟိုင်နန်တွင် ကမ္ဘာ့အဆင့်မီ IPR တစ်ရပ် ထူထောင်ရန် ဥပဒေအခြေခံကို ပံ့ပိုးပေးခဲ့ကြောင်း ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း ဉာဏပစ္စည်းပိုင်ဆိုင်မှုတရားရုံး အကြီးအကဲ Xia Junli က ဆိုသည်။

လက်တွေ့ဆောင်ရွက်မှုများက ဟိုင်နန်၌ စံနှုန်းမြင့် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးစည်းမျဉ်းများ စမ်းသပ်ခြင်းအတွက် မြှင့်တင်ပေးလျက်ရှိပြီး၊ တံခါးဖွင့်ဝါဒ ပိုမိုမြင့်မားစေရေးအတွက် အလေးထားသော စမ်းသပ်မှုအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။တရားဥပဒေစိုးမိုးရေးသည် ကောင်းမွန်သော စီးပွားရေးဝန်းကျင်တစ်ခု ဖြစ်စေရန် အဓိကအချက်ဖြစ်သည်။ လွန်ခဲ့သော စက်တင်ဘာလက ဟိုင်နန်တွင် ဒေသခံစီးပွားရေးဝန်းကျင် သင့်မြတ်အောင်ဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတစ်ခု ထုတ်ပြန်ခဲ့ကြောင်း၊ ဟိုင်နန်၏ စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရေးအတွက် လမ်းညွှန်ခြင်းနှင့် အာမခံချက်ရှိခြင်း၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

စီးပွားရေးဝန်းကျင် တိုးတက်ကောင်းမွန်ခြင်းသည် အပူပိုင်းကျွန်းပြည်နယ်ဖြစ်သော ဟိုင်နန်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားကုမ္ပဏီများကို ပိုမို၍ ဆွဲဆောင်လျက်ရှိသည်။

ဟိုင်နန်ပြည်နယ်ဆိုင်ရာ ကုန်သွယ်ရေးဦးစီးဌာနမှ အချက်အလက်အရ နိုင်ငံခြားရန်ပုံငွေဖြင့် မတည်ထားသော စီးပွားရေးလုပ်ငန်း ၁,၉၃၆ ခုကို ၂၀၂၁ ခုနှစ်တွင် အသစ်ထူထောင်နိုင်ခဲ့ကာ ယမန်နှစ်ကထက် ၉၂.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထို့ပြင် အမှန်တကယ်အသုံးပြုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံကျော်ရှိခဲ့ရာ ယမန်နှစ်ကထက် ၁၆.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဆက်လက်၍ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။ ဟိုင်နန်ပြည်နယ်တွင် ပထမလေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံကို အကျိုးရှိရှိအသုံးချနိုင်ခဲ့ပြီး ယခင်နှစ်ကထက် ၅၄.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက ရာစုနှစ်လယ်မတိုင်မီ ဟိုင်နန်ကျွန်းပြည်နယ်အား ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုရှိပြီး အဆင့်မြင့်မားသော လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းအဖြစ်သို့ တည်ဆောက်ရန် ၂၀၂၀ ပြည်နှစ် ဇွန်လတွင် မဟာစီမံကိန်းတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ (Xinhua)

………………………………………………
(English Version)
One year on, Hainan FTP law secures wider opening-up
Source: XinhuaEditor: huaxia2022-06-11 11:00:14
HAIKOU, June 11 (Xinhua) — Since the implementation of the Hainan free trade port (FTP) law on June 10, 2021, Hainan has issued 17 related regulations, with the new law speeding up local legislation to guarantee better development and wider opening-up of the Hainan FTP.

According to the law, the construction of the Hainan FTP focuses on trade and investment liberalization and facilitation.

The Hainan FTP law requires more foreign-related content to be reflected in the process of implementation, especially speeding up supporting legislation to ensure high-level opening-up, said Chi Fulin, head of the Hainan-based China Institute for Reform and Development.

Over the past year, Hainan has issued regulations on fair competition, bankruptcy, intellectual property rights (IPR) protection and commercial deregistration, to ensure that Hainan FTP construction is in line with high-standard international economic and trade rules.

Hainan has advanced institutional innovation and established the FTP bankruptcy system with Chinese characteristics. The Haikou bankruptcy court, the first of its kind in the province, was founded last December to process all kinds of bankruptcy-related cases.

He Ziling, head of the Haikou bankruptcy court, said that the court had handled 199 bankruptcy and liquidation cases as of May, improving the ease with which enterprises handle bankruptcy, while reducing bankruptcy costs.

As supporting legislation of Hainan FTP law, the IPR protection regulation, which went into effect on Jan. 1 this year, provided the legal basis for Hainan to build a world-class IPR highland, said Xia Junli, head of the Hainan Free Trade Port Intellectual Property Court.

The practices have promoted the trials of high-standard international economic and trade rules in Hainan, serving as stress testing for a higher level of opening-up.

The rule of law is key to a good business environment. Last September, Hainan issued a regulation on optimizing the local business environment, which plays an important role in guiding and guaranteeing the building of Hainan’s business environment.

The improving business environment has attracted more and more foreign companies to invest in the tropical island.

Data from the provincial commerce department shows that 1,936 foreign-funded enterprises were newly established in 2021, a year-on-year increase of 92.6 percent. Meanwhile, the actual use of foreign investment exceeded 3.5 billion U.S. dollars, up 16.2 percent year on year.

The foreign investment fever continued this year. Hainan actually utilized 1.04 billion U.S. dollars of foreign investment in the first four months, up 54.8 percent year on year.

China released a master plan in June 2020 to build the island province into a globally influential and high-level free trade port by the middle of the century. ■
Photo : Aerial photo taken on Jan. 6, 2022 shows a ceremony announcing the start of the construction of projects in Hainan free trade port in Sanya, south China’s Hainan Province. (Xinhua/Yang Guanyu)