Connect with us

North America

အမေရိကန် McDonald ထွက်ခွာသွားပြီးနောက် ဆက်ခံသူက ရုရှားတွင် ဆိုင်ပြန်လည်ဖွင့်လှစ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ "Vkusno - i tochka" စားသောက်ဆိုင်တစ်ခုတွင် လာရောက်စားသုံးသူများအား ဆိုင်ဝန်ထမ်းက ဝမ်ဆောင်မှုပေးနေသည်ကို ဇွန် ၁၂ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံတွင် မက်ဒေါနယ် (McDonald) ဆိုင်အား ဆက်ခံခွင့်ရသူ “Vkusno – i tochka” က မော်စကိုမြို့ နှင့် အနီးပတ်ဝန်းကျင်တွင် ဇွန် ၁၂ ရက်တွင် ပထမသုတ်အဖြစ် ဆိုင်ခွဲ ၁၅ ဆိုင်ကို ပြန်လည်ဖွင့်လှစ်ရောင်းချခဲ့ကြောင်း ၊ အမေရိကန်၏ အသင့်စား အစားအသောက်လုပ်ငန်းစု McDonald က ယင်း၏ စီးပွားရေးလုပ်ငန်းများကို ရုရှားနိုင်ငံ၌ ရပ်တန့်ခဲ့ပြီးနောက် သုံးလအကြာတွင် ယခုကဲ့သို့ ဆက်ခံသူက ဆိုင်များပြန်လည်ဖွင့်လှစ် ရောင်းချခဲ့ခြင်းဖြစ်သည်။“Vkusno – i tochka” အသင့်စား အစားအသောက် လုပ်ငန်းကုမ္ပဏီ အထွေထွေညွှန်ကြားရေးမှူး Oleg Paroev က ၁၉၉၀ ပြည့်နှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၌ ပထမဆုံး မက်ဒေါနယ်ဆိုင် ဖွင့်လှစ်ခဲ့သည့်နေရာဖြစ်သော မော်စကိုမြို့လယ်ရှိ Pushkinskaya ရင်ပြင်၌ ပြုလုပ်သည့် စားသောက်ဆိုင်ဖွင့်ပွဲအခမ်းအနားအတွင်း မိတ်ဆက်စကား ရှင်းလင်းပြောကြားရာတွင် “ အရသာရှိတယ်- အဲဒါပဲပေါ့” ဟု ဆိုင်သစ်အကြောင်းကို ဖွင့်ဟ ကြေညာခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ “Vkusno – i tochka” အသင့်စား အစားသောက်လုပ်ငန်းစု အထွေထွေညွှန်ကြားရေးမှူး Oleg Paroev က မော်စကို မြို့၌ ဇွန် ၁၂ ရက်တွင် ဆိုင်ဖွင့်ပွဲ အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

နောက်ထပ် ဆိုင်ခွဲပေါင်း ၅၀ ကိုလည်း ဇွန် ၁၃ ရက်တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုဇွန်လကုန်အထိ အကြမ်းဖျဉ်း ဆိုင်ခွဲပေါင်း ၂၀၀ ကျော်ဖွင့်လှစ်ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ရုရှားနိုင်ငံတစ်ဝှမ်းရှိ ယခင် McDonald၏ ဆိုင်ခွဲနေရာပေါင်းအားလုံး ၈၅၀ ကို ယခုနှစ်နွေရာသီအကုန်တွင် အားလုံးပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း အထွေထွေညွှန်ကြားရေးမှူး Paroev က သတင်းထောက်များအားပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ “Vkusno – i tochka” စားသောက်ဆိုင်တစ်ခုတွင် အစားအသောက်များ ခင်းကျင်းထားသည်ကို ဇွန် ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကနဦးသဘောတူညီချက်တစ်ခုအရ အမှတ်တံဆိပ်သစ်ပြန်လုပ်ထားသော အသင့်စား အစားအသောက်လုပ်ငန်းသည် အစားအစာမီနူးပေါ်တွင် နာမည်အသစ်များကို အသုံးပြုသွားမည်ဖြစ်ပြီး ဝန်ထမ်းများအားလုံးကိုလည်း တူညီသောစည်းမျဉ်းစည်းကမ်းဖြင့် အနည်းဆုံး လာမည့် နှစ်နှစ်တာအတွက် ဆက်လက်ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ “Vkusno – i tochka” စားသောက်ဆိုင်တစ်ခုတွင် အစားအစာများ မှာယူနေသော စားသုံးသူတစ်ဦးအား ဇွန် ၁၂ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်၏ မက်ဒေါနယ် လုပ်ငန်းစုသည် ၂၀၂၂ ခုနှစ် မတ် ၁၄ ရက်တွင် ရုရှားရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းမျာကို ရပ်တန့်ခဲ့သည်။ ထို့ပြင်ရုရှားနိုင်ငံမှ ယင်း၏ စီးပွားရေးလုပ်ငန်းများထွက်ခွာသွားမည့်အကြောင်းကို ကုမ္ပဏီက မတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ နောက် ၃ ရက်အကြာတွင် ယခင် မက်ဒေါနယ် လုပ်ငန်းလိုင်စင်ကို ရုရှားစီးပွားရေးသမား Alexander Govor အား လုပ်ကိုင်ခွင့်ရောင်းချလိုက်ကြောင်း သိရသည်။(Xinhua)

—————————–
(English Version)
McDonald’s successor reopens in Russia after U.S. giant withdrawal

MOSCOW, June 12 (Xinhua) — The successor to McDonald’s in Russia, “Vkusno – i tochka,” reopened the first batch of 15 restaurants in Moscow and its suburbs on Sunday, three months after the U.S. fast-food chain ended its business in Russia.
Oleg Paroev, general director of the company, announced the new brand meaning “Delicious – and that’s it,” during a ceremony at the restaurant in downtown Moscow’s Pushkinskaya Square, the first McDonald’s restaurant in the Soviet Union that opened in 1990.
Another 50 outlets will be reopened on Monday, and roughly 200 outlets are expected to reopen by the end of June. All of McDonald’s former 850 restaurants across Russia are expected to reopen by the end of summer, Paroev told reporters.

According to a previous deal, the rebranded fast-food network will use new names on the menu and retain all employees under equivalent terms for at least two years.

McDonald’s suspended its business in Russia on March 14. The company announced its withdrawal from Russia on May 16 and three days later sold the assets to Russian businessman Alexander Govor, a former McDonald’s licensee.
Photo(1) A staff member hands food to a customer at a “Vkusno – i tochka” restaurant in Moscow, Russia on June 12, 2022. (Xinhua/Bai Xueqi)
Photo(2) Oleg Paroev, general director of the “Vkusno – i tochka” fast-food chain, speaks during a briefing in Moscow, Russia on June 12, 2022. (Xinhua/Bai Xueqi)
Photo(3) A combo meal is pictured at a “Vkusno – i tochka” restaurant in Moscow, Russia on June 12, 2022. (Xinhua/Bai Xueqi)
Photo (4) A customer orders a meal from a screen at a “Vkusno – i tochka” restaurant in Moscow, Russia on June 12, 2022. (Xinhua/Bai Xueqi)