Connect with us

Europe

ရုရှားရေတပ်က ၂၀၂၂ ခုနှစ်အတွင်း စစ်သင်္ဘော ၄၆ စင်း လက်ခံရရှိမည်ဟု ဆို

ဘာရန်းစ်ပင်လယ်ပြင်တွင် ၂၀၂၂ ခုနှစ် မေ ၂၈ ရက်က ရုရှားရေတပ်၏ Admiral Gorshkov ဖရီးဂိတ် စစ်သင်္ဘောပေါ်မှ Tsirkon ဟိုက်ပါဆွန်းနစ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်နေစဉ် (ဆင်ဟွာ)

မော်စကို ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ရုရှားရေတပ်သည် ၂၀၂၂ ခုနှစ်အတွင်း စစ်သင်္ဘောများ နှင့် ထောက်ပံ့ရေးရေယာဉ် ၄၆ စင်း လက်ခံရရှိမည်ဖြစ်ကြောင်း ရုရှားရေတပ်ဦးစီးချုပ် Nikolay Yevmenov က ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ကမ္ဘာလုံးဆိုင်ရာ စစ်ရေး-နိုင်ငံရေးအခြေအနေအရ ရုရှားနိုင်ငံအနေဖြင့် ရေတပ်တပ်ဖွဲ့ ပိုမိုခိုင်မာအားကောင်းရန် နှင့် ဟန်ချက်ညီရန် လိုအပ်ကြောင်း ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်သည့် စိန့်ပီတာစပတ်ခ်မြို့၌ ပြုလုပ်သော ဒီဇင်-လျှပ်စစ် စွမ်းအင်သုံး ရေငုပ်သင်္ဘောနှစ်စင်း တည်ဆောက်မှု ထောင့်တင်အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် Yevmenov က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရုရှားရေတပ်အနေဖြင့် ခေတ်မီသင်္ဘောများပိုင်ဆိုင်မှု ရှယ်ယာတစ်ခုတွင် အနည်းဆုံး ၇၀ ရာခိုင်နှုန်းအထိ ဆက်လက်ထိန်းသိမ်းထားရန်အတွက် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ သဘောထားဆန္ဒကိုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။(Xinhua)

—————————–
(English Version)

Russian navy to receive 46 ships in 2022
MOSCOW, June 12 (Xinhua) — The Russian navy will receive 46 warships and support vessels in 2022, Commander-in-Chief of the Navy Nikolay Yevmenov said Sunday.
The global military-political situation requires Russia to have a strong and balanced fleet, Yevmenov said at a keel-laying ceremony for two diesel-electric submarines in Russia’s second-largest city of St. Petersburg.
He reiterated President Vladimir Putin’s desire for the Russian navy to maintain a share of modern ships of at least 70 percent.

Photo- This screengrab of footage released by the Russian Defense Ministry shows that frigate Admiral Gorshkov test-fires a Tsirkon hypersonic cruise missile from the Barents Sea on May 28, 2022.