Connect with us

North America

ကနေဒါဝန်ကြီးချုပ်တွင် ဒုတိယအကြိမ် COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူးဒေါ့ အားတွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါ ၊ ဇွန်၁၄ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူးဒေါ့က ၎င်းသည် COVID-19 ရောဂါ ထပ်မံကူးစက်ခံရကြောင်း ဇွန် ၁၃ ရက်တွင် တွစ်တာလူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ထရူးဒေါ့က ပြည်သူ့ကျန်းမာရေးဌာနမှ ထုတ်ပြန်သော လမ်းညွှန်ချက်များအတိုင်း လိုက်နာပြီး သီးခြားခွဲနေထိုင်လျက်ရှိကြောင်း ဆိုသည်။

“ ကျွန်တော်နေကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဆေးထိုးထားတယ်လေ ၊ ဒါကြောင့်ပဲ အကယ်၍ ခင်ဗျားဆေးမထိုးထားဘူးဆိုရင်တော့ ကာကွယ်ဆေးသွားထိုးပါ။ ပြီးတော့ ထပ်ဆောင်းအားဖြည့်ကာကွယ်ဆေးလည်း ထိုးနှံမှု ခံယူလို့ရတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးစနစ် ၊ တစ်ဦးနဲ့တစ်ဦး ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင် မိမိကိုယ်ကို ကာကွယ်ကြရအောင်လေ” ဟု၎င်းက ဆိုသည်။

ပြီးခဲ့သော ရက်သတ္တပတ်တွင် ဂျက်စတင်းထရူးဒေါ့သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အပါအဝင် များစွာသော ထိပ်တန်းအရာရှိကြီးများနှင့်အတူ အမေရိကတိုက်ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အမေရိကန်နိုင်ငံ လော့အိန်းဂျလိစ့်မြို့သို့ သွားရောက်ခဲ့သည်။

ကနေဒါဝန်ကြီးချုပ်ရုံးဝက်ဆိုက်ဒ်၏ ဖော်ပြချက်အရ ဝန်ကြီးချုပ် ထရူးဒေါ့သည် သီးသန့်အစည်းအဝးများ တက်ရောက်ရန်အတွက် ဇွန် ၁၃ ရက်အထိ အမေရိကန်နိုင်ငံ၌ နေထိုင်သွားရန် မူလကစီစဉ်ထားသော်လည်း ကိုယ်ရေးကိုယ်တာကိစ္စရပ်များကြောင့် ကနေဒါနိုင်ငံမြို့တော်သို့ ဇွန် ၁၂ ရက် တွင်ပြန်လာခဲ့ကြောင်း သိရသည်။
၎င်းသည် ဇန်နဝါရီလ နှောင်းပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ပထမအကြိမ် စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုစဉ်က ကာကွယ်ဆေးသုံးကြိမ်ထိ ထိုးနှံမှုခံယူထားပြီးဖြစ်သည်။

ကနေဒါဝန်ကြီးချုပ်သည် ယခင်က ဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် ထိတွေ့မိသည့်ဖြစ်စဉ် နှစ်ခုရှိခဲ့ဖူးသည်။ ၂၀၂၀ ပြည့်နှစ်မတ်လက ဇနီးဖြစ်သူ Sophie Gregoire Trudeau တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် သူသည် ၁၄ ရက်ကြာ တစ်ဦးတည်းခွဲခြားနေထိုင်ခဲ့ကြောင်း နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ အနီးကပ်ဝန်ထမ်းများ နှင့် လုံခြုံရေး အဖွဲ့ဝင်အချို့ ရောဂါကူးစက်ခံရသဖြင့် ဝန်ကြီးချုပ်သည် ရောဂါစမ်းသပ်စစ်ဆေးမှုခံယူခြင်း နှင့် မိမိကိုယ်ကို စောင့်ကြည့်မှုအောက်တွင် နေထိုင်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က ၎င်း၏ သားနှစ်သည်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

————————–
(English Version)
ositive for COVID-19 for 2nd time
OTTAWA, June 13 (Xinhua) — Canadian Prime Minister Justin Trudeau announced in a tweet on Monday that he has again tested positive for COVID-19.
Trudeau said that he would be following public health guidelines and isolating.
“I feel okay, but that’s because I got my shots. So, if you haven’t, get vaccinated. And if you can, get boosted. Let’s protect our healthcare system, each other, and ourselves,” he said.
Last week Trudeau traveled to the U.S. city of Los Angeles for the Summit of the Americas, meeting a number of top officials, including U.S. President Joe Biden.
According to the prime minister’s official website, Trudeau was back in the national capital region for personal issues on Sunday and previously scheduled for private meetings on Monday.
He tested positive for COVID-19 in late January and is triple vaccinated.
The prime minister previously reported being exposed to the virus on two occasions: in March 2020, he went into a 14-day isolation after his wife Sophie Gregoire Trudeau tested positive for COVID-19, and in late December 2021 he announced he was testing regularly and self-monitoring after some members of his staff and security detail tested positive. Two of his sons also tested positive at that time.

Photo – Canadian Prime Minister Justin Trudeau speaks at the third Business Summit of the Americas in Lima, Peru, April 13, 2018. (Xinhua/Xu Rui)