Connect with us

Europe

ရှန်ဟိုင်း ဒစ္စနေးတောင်း ဇွန် ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ Disney Store ကမ္ဘာ အပြင်ဘက်၌ ဇွန် ၁၀ ရက်တွင် ခရီးသွားများက ဝယ်ယူထားသည့်အရုပ်များကို ပြသနေစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ရှန်ဟိုင်းဒစ္စနေးအပန်းဖြေစခန်းက ဒစ္စနေးတောင်း နှင့် ရှန်ဟိုင်းဒစ္စနေးလန်းဟိုတယ် နှစ်ခုလုံးအား ဇွန် ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဇွန် ၁၄ ရက်တွင် ကြေညာခဲ့သည်။မတ်လနှောင်းပိုင်းမှစတင်ကာ COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အပန်းဖြေစခန်းသည် ဒစ္စနေးလန်း ၊ ဒစ္စနေးတောင်း နှင့် ဥယျာဉ်ဟိုတယ်နှစ်လုံး နှင့် အခြားနေရာများ၏ လုပ်ငန်းလည်ပတ်မှုအား ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

အပန်းဖြေစခန်းရှိ Wishing Star ဥယျာဉ် ၊ Blue Sky လမ်းမကျယ် နှင့် Disney Store ကမ္ဘာတို့အား ဇွန် ၁၀ ရက်တွင် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း ဒစ္စနေးလန်း နှင့် Toy Story ဟိုတယ်တို့ကို ထပ်မံအသိပေးချက် တစ်စုံတစ်ရာမတိုင်မီအထိ ယာယီပိတ်ထားမည် ဖြစ်ကြောင်း အပန်းဖြေစခန်းထံမှ သိရသည်။

ဒစ္စနေးတောင်းအား နေ့စဉ် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။ ကျင်းပသည့်နေရာသို့ လာရောက်လည်ပတ်သူများသည် ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ရောဂါပိုးမရှိကြောင်း nucleic acid စစ်ဆေးမှု နှင့် အစိမ်းရောင် ရှန်ဟိုင်းကျန်းမာရေး QR အမှတ်အသားအား ပြသရမည် ဖြစ်ကြောင်း သိရသည်။

ကနဦး ပြန်လည်ဖွင့်လှစ်သည့်ကာလအတွင်း ပွဲကျင်းပသည့်နေရာများ၌ ပိုးသတ်ဆေးဖြန်းခြင်း နှင့် တစ်ဦး နှင့် တစ်ဦး အကွာအဝေး သတ်မှတ်ချက် အပါအဝင် ဒေသတာဝန်ရှိသူများက ချမှတ်ထားသည့် လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အပန်းဖြေစခန်းက ပြောကြားခဲ့သည်။ လာရောက်လည်ပတ်သူများသည် စားသောက်ချိန်မှအပ အချိန်တိုင်း နှာခေါင်းစည်း တပ်ဆင်ထားရမည် ဖြစ်ကြောင်း သိရသည်။
ဇွန် ၁၆ ရက်သည် အပန်းဖြေစခန်း ဖွင့်လှစ်သည့် ၆ နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————
(English Version)

Shanghai Disneytown to reopen on June 16
Source: Xinhua Editor: huaxia 2022-06-14 22:06:15
SHANGHAI, June 14 (Xinhua) — The Shanghai Disney Resort announced Tuesday that Disneytown and the Shanghai Disneyland Hotel would both reopen on Thursday.
Since late March, the resort has suspended the operation of Disneyland, Disneytown, two theme hotels, and other venues to prevent and control the COVID-19 epidemic.
The Wishing Star Park, Blue Sky Boulevard, and the World of Disney Store at the resort resumed operations on June 10.
Shanghai Disneyland and Toy Story Hotel will remain temporarily closed until further notice, according to the resort.
Disneytown will operate from 10 a.m. to 7 p.m. each day. Visitors entering the venues must present a green Shanghai health QR code and a negative nucleic acid test report within 72 hours.
The resort said it would continue to follow guidelines from local authorities, including disinfection at venues and social distancing during the initial reopening period. Visitors must wear masks at all times, indoors or outdoors, except when eating.
Thursday marks the sixth anniversary of the opening of the resort. ■
Photo – Tourists display purchases outside the World of Disney Store in Shanghai, east China on June 10, 2022. (Xinhua/Fang Zhe)