Connect with us

Europe

အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ထပ်တိုးလုံခြုံရေးအကူအညီများ ပေးအပ်ရန်ရှိ

ယူကရိန်းနိုင်ငံ ဒွန်းဘက်စ်ဒေသ ၌ ပျက်စီးသွားသောတင့်ကားတစ်စီးအား ဧပြီ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၂၅၅ သန်း အပြင် နောက်ထပ် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော ထပ်တိုးလုံခြုံရေးအကူအညီ အစီအစဉ်တစ်ရပ်ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဇွန် ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုအတွင်း အထက်ပါဆုံးဖြတ်ချက်ကို ဘိုင်ဒန်က ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးအား အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လုံခြုံရေးအကူအညီထဲတွင် ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်ရန် “ နောက်ထပ် ထပ်တိုး အမြောက် နဲ့ ကမ်းရိုးတမ်းကာကွယ်ရေး စစ်လက်နက်တွေအပြင် ယူကရိန်းနိုင်ငံက မိမိကိုယ်ကို ကာကွယ်တဲ့နေရာမှာ လိုအပ်နေတဲ့ အမြောက် နဲ့ ခေတ်မီ ဒုံးကျည်စနစ်တွေပါဝင်တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ပံ့ပိုးပေးသွားမှာပါ” ဟု အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

“ သန့်ရှင်းလုံခြုံတဲ့ သောက်သုံးရေတွေ ၊ အရေးပေါ်ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေ ၊ အစားအစာ ၊ အမိုးအကာ နဲ့ မရှိမဖြစ်အသုံးအဆောင်တွေဝယ်ချမ်းဖို့ မိသားစုဝင်တွေအတွက် ငွေသားတွေအပါအဝင် ယူကရိန်းနိုင်ငံထဲမှာရှိတဲ့ ပြည်သူတွေကို ကူညီပေးနိုင်အောင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်သွားမယ် ”ဟု ဘိုင်ဒန်၏ ကြေညာချက်တွင်ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော့စတင်းသည် ယူကရိန်းအား ထောက်ခံအားပေးရန်အတွက် ဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲလ်မြို့၌ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော်မှ ကိုယ်စားလှယ်များနှင့်အစည်းအဝေးတစ်ရပ်ကို ဇွန် ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
“ ယူကရိန်းစစ်တပ်အတွက် ထပ်တိုးနိုင်ငံတကာအကူအညီတွေပေးအပ်ရေးနဲ့ပတ်သက်ပြီး ဘရက်ဆဲလ်မြို့မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး အော့စတင်းရဲ့ကြိုးပမ်းအားထုတ်မှုတွေအကြောင်းကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်” ဟု သမ္မတဘိုင်ဒန်က ဆိုသည်။(Xinhua)

…………………………..
(English Version)
U.S. to provide 1-bln-USD additional security assistance to Ukraine
WASHINGTON, June 15 (Xinhua) — U.S. President Joe Biden said Wednesday that his country is providing Ukraine with a package of additional security assistance worth 1 billion U.S. dollars, as well as 225 million dollars’ worth of humanitarian assistance.
Biden informed his Ukrainian counterpart, Volodymyr Zelensky, of the decision during a telephone conversation, where the U.S. president said the security assistance will include “additional artillery and coastal defense weapons, as well as ammunition for the artillery and advanced rocket systems that the Ukrainians need to support their defensive operations” in eastern Ukraine’s Donbas region, according to a statement released by the White House.
The humanitarian assistance will “help people inside Ukraine, including by supplying safe drinking water, critical medical supplies and health care, food, shelter, and cash for families to purchase essential items,” Biden said in the statement.
Meanwhile, U.S. Defense Secretary Lloyd Austin convened a meeting of more than 45 nations in Brussels on Wednesday to discuss support for Ukraine. “We also discussed Secretary Austin’s efforts in Brussels today to coordinate additional international support for the Ukrainian armed forces,” Biden said.
Photo – A Ukrainian soldier covers an armored vehicle with branches in Donbass on April 12, 2022. (Photo by Diego Herrera/Xinhua)