Connect with us

Europe

ရုရှားက ဥရောပသို့ ဓာတ်ငွေ့ပေးပို့မှု လျှော့ချ

ရုရှားနိုင်ငံ၏ ဓာတ်ငွေ့ကုမ္ပဏီကြီးဖြစ်သော Gazprom မှ ဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ- Gazprom file photo)

မော်စကို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ဓာတ်ငွေ့ကုမ္ပဏီကြီးဖြစ်သော Gazprom က Nord Stream 1 သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိ နောက်ထပ် တာဘိုင်အင်ဂျင်ကို ပိတ်တော့မည်ဖြစ်ကြောင်း၊ ဥရောပသို့ ဓာတ်ငွေ့ပို့လွှတ်သည့်ပမာဏကို သိသိသာသာလျှော့ချလိုက်ခြင်းဖြစ်ကြောင်း ဇွန် ၁၅ ရက်က ကြေညာခဲ့သည်။

ဂျာမနီနိုင်ငံ ဓာတ်ငွေ့တာဘိုင်အင်ဂျင်များထုတ်လုပ်သူ Siemens က အလုံးစုံဝန်ဆောင်မှုကို အချိန်မီမပေးနိုင်ခဲ့ခြင်းကြောင့် Gazprom အနေဖြင့် နည်းပညာအခြေအနေအရ Portovaya ကွန်ပရက်ဆာစခန်းရှိ ဒုတိယမြောက်အင်ဂျင်ကို ရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက တယ်လီဂရမ်၌ ပြောကြားထားသည်။

ဇွန် ၁၆ ရက် မော်စကိုစံတော်ချိန် နံနက် ၁:၃၀ နာရီမှစ၍ Portovaya ကွန်ပရက်ဆာစခန်း၏ နေ့စဉ်ထုတ်လွှတ်မှုသည် ကုဗမီတာ ၆၇ သန်းထက်ကျော်လွန်တော့မည်မဟုတ်ကြောင်း၊ ကုဗမီတာ သန်း ၁၀၀ မှ သိသိသာသာလျော့ကျသွားခြင်းဖြစ်ကြောင်း Gazprom က ဆိုသည်။

အလားတူအကြောင်းပြချက်ဖြင့်ပင် Gazprom က Nord Stream 1 ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့ပို့လွှတ်မှုပမာဏကို နေ့စဉ် ကုဗမီတာ ၁၆၇ သန်းမှ သန်း ၁၀၀ အထိ လျှော့ချသွားမည်ဖြစ်ကြောင်း ဇွန် ၁၄ ရက်က ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့သော Nord Stream 1 ပိုက်လိုင်းသည် ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Vyborg မြို့နှင့် ဂျာမနီနိုင်ငံအား ဘောလ်တစ်ပင်လယ်ကြမ်းပြင်မှတစ်ဆင့် သွယ်တန်းထားခြင်းဖြစ်ပြီး Nord Stream 2 မှာမူ ၂၀၂၁ ခုနှဏ်တွင် ပြီးစီးခဲ့သော်လည်း ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းအား အထူးစစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။ (Xinhua)

……………………
(English Version)

Russia continues to slash gas supply to Europe
Source: Xinhua
Editor: huaxia
2022-06-16 03:32:58
MOSCOW, June 15 (Xinhua) — Russian gas giant Gazprom announced on Wednesday that it will shut down another turbine engine on the Nord Stream 1 natural gas pipeline, thus significantly reducing the amount of gas delivery to Europe.
As Germany’s Siemens, the manufacturer of the gas turbine engines, failed to provide the overhaul service in time, Gazprom decided to stop the second engine at the Portovaya compressor station due to its technical condition, the company said on Telegram.
The daily output of the Portovaya compressor station from 1:30 a.m. Thursday Moscow Time (2230 GMT Wednesday) will be no more than 67 million cubic meters, sharply down from 100 million, Gazprom said.
Citing the same reason, Gazprom said on Tuesday that the amount of gas supply via the Nord Stream 1 pipeline would be cut from 167 million cubic meters per day to 100 million.
Completed in 2011, the Nord Stream 1 pipeline connects Vyborg City in northwestern Russia and Germany via the Baltic seabed. To relax its overload, the Nord Stream 2 pipeline was finished in 2021 but has been halted since Russia launched a special military operation in Ukraine in February. ■
Photo : Gazprom file photo