Connect with us

Europe

ရုရှား-ယူကရိန်း ပဋိပက္ခ နောက်ဆုံးရအချက်အလက်များ – ကနေဒါ၊ အမေရိကန်က ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီများ ပေးမည်

ယူကရိန်းနိုင်ငံ ခွာကစ်ဗ်မြို့တွင် ပျက်စီးနေသော အဆောက်အအုံနှင့် မော်တော်ယာဉ်အား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်းအကျပ်အတည်းတွင် နောက်ဆုံးရဖြစ်ပေါ်ပြောင်းလဲမှုအချက်အလက်များ –

ယူကရိန်းနိုင်ငံ ခွာကစ်ဗ်မြို့ရှိ ပျက်စီးနေသောအဆောက်အအုံအား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကနေဒါနိုင်ငံအနေဖြင့် M777 ပြောင်းတိုအမြောက်လက်နက်များ ဆက်လက်အသုံးပြုနိုင်ရန် အစားထိုးစည် ၁၀ ခုအား ယူကရိန်းနိုင်ငံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Anita Anand က ဇွန် ၁၆ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ခန့်မှန်းခြေ ကနေဒါဒေါ်လာ ၉ သန်း (အမေရိကန်ဒေါ်လာ ၇.၂ သန်း) တန်ဖိုးရှိသော စစ်ရေးအကူအညီသည် ကနေဒါနိုင်ငံမှ ယခင်လှူဒါန်းထားသော M777 ပြောင်းတိုအမြောက်များ၏ အစိတ်အပိုင်းများဖြစ်ကြောင်းနှင့် အမြောက်ကျည် ၂၀,၀၀၀ ကျော်နှင့် အဆိုပါ လက်နက်ကိရိယာများ အသုံးပြုရန် ယူကရိန်းစစ်သားများအား လေ့ကျင့်ပေးခြင်းများ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
– – – –
အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၂၂၅ သန်း အပြင် နောက်ထပ် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော ထပ်တိုးလုံခြုံရေးအကူအညီ အစီအစဉ်တစ်ရပ်ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဇွန် ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုအတွင်း အထက်ပါဆုံးဖြတ်ချက်ကို ဘိုင်ဒန်က ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးအား အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လုံခြုံရေးအကူအညီထဲတွင် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်ရန် “ နောက်ထပ် ထပ်တိုး အမြောက်နဲ့ ကမ်းရိုးတန်းကာကွယ်ရေး စစ်လက်နက်တွေအပြင် ယူကရိန်းနိုင်ငံက မိမိကိုယ်ကို ကာကွယ်တဲ့နေရာမှာ လိုအပ်နေတဲ့ အမြောက် နဲ့ ခေတ်မီ ဒုံးကျည်စနစ်တွေပါဝင်တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ပံ့ပိုးပေးသွားမှာပါ” ဟု အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
– – – –

ယူကရိန်းနိုင်ငံ သမ္မတက ရုရှားနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ဥရောပအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုစားပွဲဝိုင်းတွင် ရှိနေမည်ဖြစ်ကာ လုံခြုံရေးအာမခံချက်များ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း အလည်အပတ်ရောက်ရှိနေသော ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်က ရိုမေးနီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ နေတိုးအခြေစိုက်စခန်းတွင် ဇွန် ၁၅ ရက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးတည်ဆောက်ချင်တာပါ။ ပစ်ခတ်မှုလုပ်နေတာတွေကို ရပ်တန့်ပြီး ဆွေးနွေးမှုတွေကို ပြန်လည်စတင်ရမှာပါ” ဟု မက်ခရွန်က ရိုမေးနီးယားနိုင်ငံ သမ္မတ Klaus Iohannis နှင့် Mihail Kogalniceanu လေတပ်အခြေစိုက်စခန်း၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
– – – –

အမေရိကန်နိုင်ငံက ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားနေစဉ်အတွင်း ယူကရိန်းနိုင်ငံအား စစ်ရေးအကူအညီ ၄.၆ ဘီလီယံ ပံ့ပိုးခဲ့ကြောင်း ယူကရိန်းရှိ အမေရိကန် သံရုံးထံမှ အချက်အလက်အားကိုးကား၍ ယူကရိန်းအစိုးရပိုင် သတင်းအေဂျင်စီ Ukrinform က ဇွန် ၁၅ ရက်က သတင်းဖော်ပြထားသည်။

ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနိုင်ငံထံ စစ်ရေးအကူအညီပံ့ပိုးမှု ၁၁ ကြိမ်ပေးပို့ခဲ့ကြောင်း သံရုံးက တွစ်တာ၌ ရေးသားထားသည်။ (Xinhua)

………………………..
(English Version)
Facts about Russia-Ukraine conflict: Canada, U.S. to provide further military aid for Ukraine
Source: XinhuaEditor: huaxia2022-06-16 12:14:13
BEIJING, June 16 (Xinhua) — The following are the latest developments in the Ukraine crisis:

Canadian Defence Minister Anita Anand announced on Wednesday that Canada will provide Ukraine with 10 replacement barrels to enable the sustainment of M777 howitzer artillery guns.

In a news release, the defence minister said this military aid, valued at approximately 9 million Canadian dollars (7.2 million U.S. dollars), complements Canada’s previous donation of M777 howitzers, over 20,000 rounds of compatible artillery ammunition, and the Canadian Armed Forces’ training of Ukrainian Forces in the use of this equipment.

– – – –

U.S. President Joe Biden said Wednesday that his country is providing Ukraine with a package of additional security assistance worth 1 billion dollars, as well as 225 million dollars’ worth of humanitarian assistance.

Biden informed his Ukrainian counterpart, Volodymyr Zelensky, of the decision during a telephone conversation, where the U.S. president said the security assistance will include “additional artillery and coastal defense weapons, as well as ammunition for the artillery and advanced rocket systems that the Ukrainians need to support their defensive operations” in eastern Ukraine’s Donbas region, according to a statement released by the White House.
– – – –
The Ukrainian president will have to negotiate with Russia, and the Europeans will also be present at the negotiating table, bringing security guarantees, visiting French President Emmanuel Macron said on Wednesday at a NATO base in southeastern Romania.

“We want to build peace, which means that at some point the fire must stop and the talks must resume,” Macron told a joint press conference with his Romanian counterpart Klaus Iohannis after their talks at the Mihail Kogalniceanu Air Base.

– – – –
The United States has provided 4.6 billion dollars worth of military assistance for Ukraine amid the Russia-Ukraine conflict, the Ukrainian government-run Ukrinform news agency reported on Wednesday, citing data from the U.S. Embassy in Ukraine.

Since the start of the conflict, U.S. President Joe Biden has announced 11 tranches of military support to Ukraine, the embassy tweeted. ■
Photo 1 : Photo taken on June 2, 2022 shows damaged building and vehicle in Kharkov, Ukraine. (Photo by Peter Druk/Xinhua)
Photo 2 : Photo taken on June 2, 2022 shows a damaged building in Kharkov, Ukraine. (Photo by Peter Druk/Xinhua)