Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံက တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) မှတစ်ဆင့် အောင်မြင်မှုများစွာရရှိ

ပါကစ္စတန်နိုင်ငံ၏ အရှေ့ဘက်၊ ပန်ဂျပ်ပြည်နယ်၊ လာဟိုးလ်မြို့စွန်ရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ အောက်ရှိ ±660kV မက်တီရာရီ-လာဟိုးလ် ဗို့အားမြင့် တိုက်ရိုက်လျှပ်စစ်ဓာတ်အား (HVDC) ထုတ်လွှတ်ခြင်းဓာတ်အားလိုင်း စီမံကိန်း၏ လာဟိုးလ် ကွန်ဗာတာစတေရှင်အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-- State Grid Corporation of China/Handout via Xinhua)

အစ္စလာမ်မာဘတ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) မှတစ်ဆင့် အောင်မြင်မှုများစွာရရှိခဲ့ပြီး တရုတ်ပြည်သူများနှင့် ဆက်ဆံရေး ဆက်လက်တိုးတက်နေမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ သည် စီးပွားရေးအရ ချိတ်ဆက်ဆောင်ရွက်ရန် ကတိပြုထားကြောင်းနှင့် “ကျွန်တော်တို့ရဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဆက်စပ်နေတာနဲ့အမျှ လမ်းဖွင့်ပေးမယ့်အရာများစွာလည်း ရှိနေပါတယ်” ဟု အစ္စလာမ်မာဘတ် မဟာဗျူဟာလေ့လာရေးအင်စတီကျုတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခု၌ Zardari က ပြောကြားခဲ့သည်။

နိုင်ငံတကာတွင် ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းမှု မြှင့်တင်ရာတွင် ပါကစ္စတန်၏ အခန်းကဏ္ဍကို အလေးပေးပြောကြားလျက် ပါကစ္စတန်နိုင်ငံအနေဖြင့် ယခင်က အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ပေါင်းကူးတံတားတစ်စင်းသဖွယ် လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံတို့ အချင်းချင်း အပြန်အလှန် သံတမန်ဆက်ဆံရေး ထူထောင်နိုင်ရန် အထောက်အကူပြုခဲ့ကြောင်း ၎င်းကဆိုသည်။

ပါကစ္စတန်အနေဖြင့် အင်အားကြီးမားသော နိုင်ငံကြီးများအကြား ပေါင်းကူးတံတားတစ်စင်းတစ်ခုအဖြစ် ဆောင်ရွက်ရန် အလားအလာရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Pakistan makes much achievement through CPEC: Pakistani FM
ISLAMABAD, June 17 (Xinhua) — Pakistan has achieved a lot through the China-Pakistan Economic Corridor (CPEC) and its relationship with the Chinese people will continue to grow, Pakistani Foreign Minister Bilawal Bhutto Zardari said on Thursday.

Pakistan and China are committed to economic engagement and “there is much more for us to unlock as far as our economic potential is concerned,” Zardari said while addressing a seminar at the Institute of Strategic Studies Islamabad.

Highlighting Pakistan’s role in promoting peace and engagement internationally, he said his country has acted as a bridge in the past between the United States and China, helping them establish diplomatic relations with each other.

Pakistan still has the potential to play the role of a bridge between great powers, the foreign minister added.■

Photo taken on Sept. 6, 2021, shows a view of the Lahore Converter Station of the ±660kV Matiari-Lahore high-voltage direct current (HVDC) transmission line project under the China-Pakistan Economic Corridor (CPEC) on the outskirts of Lahore, in Pakistan’s eastern Punjab province. (State Grid Corporation of China/Handout via Xinhua)