Connect with us

Asia

တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံအား အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပံ့ပိုးပေး

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဘူတာ ပလက်ဖောင်းတစ်ခုတွင် စောင့်ဆိုင်းနေသော ဒေသခံများအား မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရက သီရိလင်္ကာနိုင်ငံအား လတ်တလော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ထားကြောင်း တရုတ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၉ ရက်၌ ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးအခက်အခဲများကို သတိပြုမိကြောင်း၊ သီရိလင်္ကာနိုင်ငံနှင့် အစဉ်အလာရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံ အစိုးရက သီရိလင်္ကာ၌ လတ်တလော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Xu Wei က ပြောခဲ့သည်။

“သီရိလင်္ကာအစိုးရနဲ့ ပြည်သူတွေအနေနဲ့ ယာယီအခက်အခဲတွေကို ကျော်လွှားနိုင်ပြီး စီးပွားရေး၊ လူမှုတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Xu က ဆိုသည်။

လက်ရှိတွင် သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားငွေကြေး၊ လောင်စာဆီနှင့် အခြားမရှိမဖြစ် အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်နေသလို ငွေကြေးဖောင်းပွမှုလည်း မြင့်တက်နေသည့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းအလယ်၌ ရောက်ရှိနေခြင်းဖြစ်သည်။ (Xinhua)

—————————
(English Version)

China to provide emergency humanitarian assistance to Sri Lanka
2022-04-19 16:20:26 Category:Politics, Law

BEIJING, April 19 (Xinhua) — The Chinese government has decided to provide emergency humanitarian assistance to Sri Lanka to help the country cope with the current difficulties, a spokesperson for China International Development Cooperation Agency said Tuesday.

China has noticed Sri Lanka’s economic difficulties, spokesperson Xu Wei said, adding that as a traditional friendly neighbor to Sri Lanka, the Chinese government has decided to provide emergency humanitarian assistance to the country to help it cope with the current difficulties.
“We believe that the Sri Lankan government and people will overcome the temporary difficulties and maintain economic and social stability and development,” Xu said.

Sri Lanka is presently in the midst of a severe economic crisis featuring shortages of foreign exchange, fuel and other essential supplies as well as rising inflation. Enditem

Photo : Local people wait on the platform at a railway station in Colombo, Sri Lanka, March 31, 2022. (Xinhua/Tang Lu)