Connect with us

Asia

ဖိလစ်ပိုင်သံအမတ်ကြီးကွယ်လွန်ခြင်းအတွက် တရုတ်နိုင်ငံက နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲရကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

တရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီး Santiago L. Sta. Romana အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး ဟိုဆေးဆန်တီယေဂိုအယ်လ်စတာရိုမန်နာ(Jose Santiago L. Sta. Romana) သည် အဖျားရောဂါဝေဒနာဖြင့် ဧပြီ ၁၈ ရက်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ရခြင်းအတွက် တရုတ်နိုင်ငံက နက်ရှိုင်းစွာ အထူးဝမ်းနည်းကြေကွဲရကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ယနေ့ ဧပြီ ၁၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

သံအမတ်ကြီး ဟိုဆေးဆန်တီယေဂိုအယ်လ်စတာရိုမန်နာ သည် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ၎င်း၏ နှံ့စပ်သောဗဟုသုတရှိမှုကြောင့် ထင်ရှားသူတစ်ဦးဖြစ်ကြောင်း ၊ သူသည် တရုတ်နိုင်ငံ၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကာ တရုတ်နိုင်ငံအတွက် မိတ်ဟောင်းဆွေဟောင်းတစ်ဦးဖြစ်ကြောင်း ဝမ်က ဆိုသည်။ သံအမတ်ကြီးရိုမန်နာသည် ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီးရာထူးကို စတင်တာဝန်ယူ ထမ်းဆောင်ချိန်မှစ၍ တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံပြည်သူများအကြားချစ်ကြည်ရင်းနှီးမှု နှင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အလွန်အရေးပါသော လုပ်ဆောင်ချက်များကို တက်တက်ကြွကြဖြင့် ရလဒ်ကောင်းများရရှိအောင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

“ မိတ်ဆွေကောင်းတစ်ဦးဆုံးရှုံးခဲ့ရခြင်းအတွက် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း နှမျောတမ်းတ ကြေကွဲရသလို သူ့ရဲ့ ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်အခြမ်းအနေဖြင့် သံအမတ်ကြီး၏ ကျန်ရစ်သော မိသားစု နှင့် ဖိလစ်ပိုင်သံရုံးနှင့်အတူ နာရေးကိစ္စရပ်များအား သင့်တင့်လျှောက်ပတ်စွာ စီမံဆောင်ရွက်နိုင်ရန် နှင့် တက်နိုင်သမျှ အရာတိုင်းကို အဆင်ပြေချောမွေ့စွာ ကူညီပံ့ပိုးပေးနိုင်ရန် အတူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။(Xinhua)

————————
(English Version)

China deeply saddened by passing of Philippine ambassador: spokesperson
BEIJING, April 19 (Xinhua) — China is deeply saddened by the passing of Philippine Ambassador to China Jose Santiago L. Sta. Romana due to illness on April 18, Foreign Ministry spokesperson Wang Wenbin said on Tuesday.
Wang said that Ambassador Jose Santiago L. Sta. Romana was well known for his profound knowledge of China. He worked and lived in China for many years and was an old and cherished friend of China. After assuming the post of the Philippine ambassador to China in 2017, he worked actively and industriously, making important contributions to promoting bilateral relations and friendship between the two peoples.
“We are deeply grieved by the loss of a good friend and extend our heartfelt condolences to his loved ones,” the spokesperson said, noting that the Chinese side will work together with his family and the Philippine Embassy in China to properly handle follow-up matters and provide every convenience possible. Enditem