Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ တောင်ကလီမန်တန်ပြည်နယ်တွင် မီနီဈေးဝယ်စင်တာအဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူ ၄ ဦးရှိ

အင်ဒိုနီးရှားနိုင်ငံ တောင်ကလီမန်တန်ပြည်နယ်တွင် ဆေးရုံကားတစ်စီးပေါ်သို့ သေဆုံးသူတစ်ဦးအား လွှဲပြောင်းနေသူများကို ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တောင်ကလီမန်တန်ပြည်နယ်ရှိ မီနီဈေးဝယ်စင်တာတစ်ခု ဧပြီ ၁၈ ရက်က ပြိုကျခဲ့ပြီးနောက် သေဆုံးသူ ၄ ဦးရှိပြီဖြစ်ကြောင်းနှင့် အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့်ကယ်ဆယ်ရေးသမားတစ်ဦးက ဧပြီ ၁၉ ရက်က ပြောကြားခဲ့သည်။

ဘန်ဂျာခရိုင်အတွင်းရှိ အဆိုပါ မီနီဈေးဝယ်စင်တာတွင် ဒေသခံများက ဝါဖြေခြင်း အတွက် အစားအစာများ ဝယ်ယူနေချိန် ဧပြီ ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၄:၃၀ နာရီခန့်၌ ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အော်ပရေးရှင်းယူနစ် အကြီးအကဲ Wasino က ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ တောင်ကလီမန်တန်ပြည်နယ်တွင် ဆေးရုံကားတစ်စီးပေါ်သို့ သေဆုံးသူတစ်ဦးအား လွှဲပြောင်းနေသူများကို ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“စုစုပေါင်း သေဆုံးသူ လေးဦးရှိပါပြီ။ အခြား ၁၃ ဦးကိုလည်း ဘေးကင်းစွာနဲ့ ကယ်ဆယ်နိုင်ခဲ့ပြီးပါပြီ။ အဲဒီထဲကအချို့ကတော့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု Wasino က အခင်းဖြစ်ပွားရာနေရာမှ ဆင်ဟွာသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

အပျက်အစီးများအောက်၌ ရောက်ရှိနေသူများအားလုံးကိုလည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီးဖြစ်သဖြင့် ကယ်ဆယ်ရေးသမားများကလည်း ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းကို ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း၌ ရပ်တန့်ခဲ့ကြောင်း သိရသည်။
“အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ထပ်မရှိတော့တဲ့အတွက် ကျွန်တော်တို့ရဲ့လုပ်ငန်းကို အဆုံးသတ်လိုက်ပါပြီ။ ကျွန်တော်တို့ စောင့်ကြည့်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို အကယ်၍ ဆွေမျိုး သို့မဟုတ် မိသားစုဝင် တစ်စုံတစ်ဦးက လူပျောက်ကြောင်း သတင်းတွေရှိလာခဲ့ရင် ရှာဖွေရေးလုပ်ငန်းကို ပြန်စမှာပါ” ဟု ၎င်းက ဆိုသည်။

မတော်တဆဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုကို ပြည်သူ့လုပ်ငန်းနှင့် အိုးအိမ်ဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Wasino က ပြောကြားခဲ့သည်။ (Xinhua)

#Indonesia, #SouthKalimantan, #MiniMarketBuilding, #Collapse, #Xinhua, #Myanmar, #XinhuaMyanmar, #အင်ဒိုနီးရှား, #တောင်ကလီမန်တန်, #မီနီဈေးဝယ်စင်တာအဆောက်အအုံ, #ပြိုကျ, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ

—————————
(English Version)

4 killed in mini-market building collapse in Indonesia’s Kalimantan

Source: XinhuaEditor: huaxia2022-04-19 17:50:15
JAKARTA, April 19 (Xinhua) — Four people were killed and several others were injured after a mini-market building collapsed in Indonesia’s South Kalimantan province on Monday, a top rescuer said on Tuesday.

The accident occurred at about 4:30 p.m. local time on Monday when many residents were buying food for fast-breaking in the building located in the Banjar district, according to Wasino, head of the Operation Unit of the Provincial Search and Rescue Office.

“The total death toll is four people. 13 others have been rescued safely. Some of them suffer wounds and have been under medical treatment in hospitals,” Wasino told Xinhua by phone from the scene.

As all the victims trapped under the rubble were evacuated, the rescuers stopped the search and rescue operation at midday Tuesday.

“Our operation has ended as there are no more people trapped under the rubble. Still, we will keep monitoring, and if any relatives or family members report about missing persons, we will resume the search,” he said.

Wasino said that an investigation on the cause of the accident would be carried out by the Public Works and Housing Ministry. ■
Photo 1 : Photo taken with a mobile phone shows people transferring the body of a victim to an ambulance in South Kalimantan, Indonesia, April 19, 2022.
Four people were killed and several others were injured after a mini-market building collapsed in Indonesia’s South Kalimantan province on Monday, a top rescuer said on Tuesday. (Photo by Bahaudin Qusairi/Xinhua)
Photo 2 : Photo taken with a mobile phone shows people transferring the body of a victim to an ambulance in South Kalimantan, Indonesia, April 19, 2022.
Four people were killed and several others were injured after a mini-market building collapsed in Indonesia’s South Kalimantan province on Monday, a top rescuer said on Tuesday. (Photo by Bahaudin Qusairi/Xinhua)