Connect with us

Economy

တရုတ်နိုင်ငံ၏ လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံမှု ပထမငါးလတာအတွင်း မြင့်တက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျိနန်မြို့ရှိ Qingdao-Jinan ရထားလမ်း Huangtai ဘူတာရုံ၌ China Railway No.10 Bureau Group ၏ ဝန်ထမ်းများ အလုပ်လုပ်ကိုင်နေကြသည်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမငါးလတာအတွင်း ဆက်လက်တိုးတက်လာသည်ကို တွေ့မြင်ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ငါးလတာအတွင်း ယွမ် ၉၉၁ ဒသမ ၂၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၄၈ ဒသမ ၁ ဘီလီယံခန့်)အထိ နှစ်အလိုက် ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Sinan ကောင်တီအတွင်းရှိ Wujiang မြစ်အတွင်း ကုန်သေတ္တာများ တင်ဆောင်ကာ ရွက်လွှင့်သွားလာနေသည့် သင်္ဘောများအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိန်းဂဏန်းဖြင့် အသေးစိတ် ခွဲခြမ်းစိတ်ဖြာချက်အရ နိုင်ငံ၏ လမ်းဖောက်လုပ်ရာတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် နှစ်အလိုက် ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရေကြောင်းအခြေခံအဆောက်အအုံအတွက် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Longli ကောင်တီအတွင်းရှိ Duohua အဓိကတံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကို ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်သည် လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ တိုးတက်မှုအမြန်ဆုံး ဖြစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့်နှစ်ကထက် ၅၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
—————————-
(English Version)

(Poster) China’s investment in road, waterway infrastructure up in first five months

Source: Xinhua Editor: huaxia 2022-06-19 15:00:31
BEIJING, June 19 (Xinhua) — China’s investment in road and waterway infrastructure saw steady expansion in the first five months of the year, data from the Ministry of Transport shows.

Fixed-asset investment in road and waterway infrastructure rose 7.2 percent year on year to 991.25 billion yuan (about 148.1 billion U.S. dollars) during the period, according to the ministry.

In breakdown, the country’s fixed-asset investment in road construction climbed 7.6 percent year on year, while that for waterway infrastructure edged up 0.6 percent from the same period last year.

Southwest China’s Guizhou Province reported the fastest growth in this regard, with investment surging 56 percent from the previous year.■

Photo 1 – Staff members of China Railway No.10 Bureau Group work at Huangtai Station of Qingdao-Jinan railway in Jinan, east China’s Shandong Province, April 12, 2021. (Xinhua/Guo Xulei)

Photo 2 – Aerial photo taken on Nov. 19, 2021 shows cargo ships loaded with phosphate ore sailing on the Wujiang River in Sinan County, southwest China’s Guizhou Province. (Xinhua/Tao Liang)

Photo 3 – Aerial photo taken on June 14, 2022 shows the construction site of Duohua super major bridge in Longli County, southwest China’s Guizhou Province. (Xinhua/Yang Wenbin)