Connect with us

China

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် လူ ၄ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ ချိန်တူးမြို့တွင် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ထွက်ခွာရန် ပြင်ဆင်နေသည်ကို ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် Ya’an မြို့တွင် ဇွန် ၁ ရက် မွန်းလွဲပိုင်းက အင်အား ၆.၁ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၄ ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီး အခြား ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့၏ ငလျင်အန္တရာယ်လျော့ပါးရေးရုံးချုပ်က ဇွန် ၂ ရက်၌ ပြောကြားခဲ့သည်။

ဇွန် ၂ ရက် နံနက် ၉ နာရီအထိ Baoxing ကောင်တီတွင် ၃၄ ဦးသေဆုံးကြောင်းနှင့် Lushan ကောင်တီတွင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုံးချုပ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အနက် တစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိနေပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူနှစ်ဦးမှာမူ ယခုအခါ အခြေအနေတည်ငြိမ်နေပြီ ဖြစ်ကြောင်းနှင့် ဒဏ်အနည်းငယ်ရရှိခဲ့သော အခြား၃၈ ဦးမှာလည်း မစိုးရိမ်ရကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင်း Ya’an မြို့တွင် လူပေါင်း ၁၃,၀၈၁ ဦး ထိခိုက်ခဲ့ကြောင်း ရုံးချုပ်က ဆိုသည်။

အင်အား ၆.၁ ရှိသော ငလျင်သည် စီချွမ်ပြည်နယ် Ya’an မြို့ Lushan ကောင်တီတွင် ဇွန် ၁ ရက် ပေကျင်းစံတော်ချိန် ညနေ ၅ နာရီက လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စတင်တာ (CENC) အရ သိရသည်။

မြေအောက်အနက် ၁၇ ကီလိုမီတာ၌ ဗဟိုပြုခဲ့သော အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၃၀.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၂.၉ ဒီဂရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အင်အား ၆.၁ ပမာဏရှိသော Lushan ငလျင်သည် ၂၀၁၃ ခုနှစ်က ယင်းကောင်တီအတွင်း လှုပ်ခတ်ခဲ့သော အင်အား ၇.၀ ရှိသော ငလျင်၏ နောက်ဆက်တွဲဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာ ငလျင်ဌာနက ပြောခဲ့သည်။ (Xinhua)

………………………………………………
(English Version)
4 dead, 41 injured after earthquake hits China’s Sichuan
Source: XinhuaEditor: huaxia2022-06-02 13:42:16
CHENGDU, June 2 (Xinhua) — Four people have been confirmed dead and 41 others injured after a 6.1-magnitude earthquake jolted the city of Ya’an in southwest China’s Sichuan Province on Wednesday afternoon, according to the city’s earthquake relief headquarters on Thursday.

As of 9 a.m. Thursday, 34 casualties were reported in Baoxing County and 11 injuries in Lushan County, the headquarters told a press briefing.

The injured have been sent to hospital for treatment. One of them is in critical condition, the two that were seriously injured are now in stable condition, and the other 38 that suffered minor injuries are in no immediate danger.

A total of 13,081 people in Ya’an have been affected by the earthquake, it said.

The 6.1-magnitude earthquake rattled Lushan County of Ya’an in Sichuan, at 5 p.m. Wednesday Beijing Time, according to the China Earthquake Networks Center (CENC).

The epicenter, with a depth of 17 km, was monitored at 30.4 degrees north latitude and 102.9 degrees east longitude, the CENC said.

The provincial earthquake administration said that the 6.1-magnitude earthquake of Lushan was an aftershock of a 7.0-magnitude earthquake that hit the county in 2013. ■
Photo : Members of a medical rescue team prepare to set out in Chengdu, southwest China’s Sichuan Province, June 1, 2022. (Xinhua)