Connect with us

Europe

ရုရှား မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

RS-24 Yars တိုက်ချင်းပစ် ဒုံးကျည်စနစ်များကို ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ ၂၀၁၉ ခုနှစ် မေ ၉ ရက်က ကျင်းပသော Victory Dayတွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇွန် ၂ ရက်(ဆင်ဟွာ)

ရုရှားစစ်တပ် ၏ မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့လက်အောက်ရှိ Yars တိုက်ချင်းပစ်ဒုံးကျည်စနစ်ကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁ ရက် (ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် စစ်ဘက်ဆိုင်ရာဝန်ထမ်း (၁,၀၀၀)ခန့် နှင့် စက်ပစ္စည်းကိရိယာ (၁၀၀)ကျော် ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန မှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဒုံးကျည်စနစ်ကို တပ်ဖွဲ့ဝင်များက ကွင်းပြင်နေရာသို့ သယ်ဆောင်ကာ ကီလိုမီတာ (၁၀၀) ကျော် ချီတက်၍ တပ်ဖြန့်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ရေးလေ့ကျင့်မှုသည် လေ့ကျင့်ရေး အဆင့်မြှင့်တင်ရန်နှင့် မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့၏ဖွဲ့စည်းမှု၊ ပေါင်းစပ်မှုများကို တိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Yarsဒုံးကျည်စနစ်ကို ၂၀၀၇ ခုနှစ် မေလတွင် ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး ဒုံးကျည်ပစ်လွှတ်နိုင်သည့်အလားအလာ အကွာအဝေးသည် ကီလိုမီတာ ၁၁,၀၀၀ မှ ၁၂,၀၀၀ ထိ ရှိကာ ကီလိုတန် ၁၀၀ မှ ၃၀၀ အထိ ရှိသော သီးခြားပစ်မှတ်ထားနိုင်သောဒုံးကျည်ထိပ်ဖူး ၆ ခု မှ ၁၀ ခုအထိ သယ်ဆောင်နိုင်ကြောင်း သတင်းများအရ သိရသည်။ (Xinhua)

……………………………..
(English Version)
Russian strategic missile forces hold drills
2022-06-01 19:41:42
MOSCOW, June 1 (Xinhua) — The Russian military conducted a series of drills utilizing the Yars intercontinental ballistic missile system under the Russian Strategic Missile Forces, the Defense Ministry said Wednesday.
About 1,000 military personnel and more than 100 pieces of equipment were involved in the exercises, the ministry said in a statement.
The troops practiced bringing missile systems to field positions, marching up to 100 km and dispersing units.
The drills were aimed at raising the level of training and improving the coherence of formations and units of the Strategic Missile Forces, the ministry said.
First tested in May 2007, the Yars missile system has a potential range of 11,000-12,000 km and can carry six to 10 independently targetable warheads of 100-300 kilotons, according to media reports. Enditem

1. Russian RS-24 Yars intercontinental ballistic missile systems are seen on the Red Square for the Victory Day parade in Moscow, Russia, May 9, 2019. (Xinhua/Bai Xueqi)