Connect with us

Europe

အမေရိကန်က ယူကရိန်းသို့ တာလတ်ပစ်ဒုံးကျည်စနစ်များ ပေးပို့မည်

ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ ဧပြီ ၂၄ ရက်တွင် ကိဗ်မြို့၌ တွေ့ဆုံစဉ်(ဓာတ်ပုံ-Ukrainian Presidential Office/Handout via Xinhua)

ဝါရှင်တန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် လုံခြုံရေးအကူအညီအစီအစဉ်အသစ်အနေဖြင့် ယူကရိန်းနိုင်ငံသို့ တာလတ်ပစ် ဒုံးကျည်စနစ်များ ပေးပို့သွားမည် ဖြစ်ကြောင်း အဆင့်မြင့် အစိုးရအရာရှိများက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံ၏ အရှေ့ဘက်ခြမ်းရှိ ပစ်မှတ်များအား ပိုမိုတိကျစွာ ပစ်ခတ်နိုင်စေရန် မြင့်မားသောရွေ့လျားနိုင်မှုအမြောက်တပ်ဒုံးကျည်စနစ်များ(HIMARS) အပါအဝင် အမေရိကန်ဒေါ်လာသန်း ၇၀၀ တန် လက်နက်အစီအစဉ်အား ဇွန် ၁ ရက်တွင် တရားဝင်ထုတ်ဖော်ပြသသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယူကရိန်းတာဝန်ရှိသူများသည် HIMARS အား ရုရှားပိုက်နက်နယ်မြေအတွင်း ပစ်မှတ်များအား တိုက်ခိုက်ရန် အသုံးပြုမည် မဟုတ်ကြောင်း အာမခံချက်ကို ပေးခဲ့သည်ဟု အမည်မဖော်လိုသော တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်မှာ အမေရိကန်နိုင်ငံက အဆင့်မြင့် တာဝေးပစ် ဒုံးကျည်စနစ်ဖြင့် ယူကရိန်းနိုင်ငံအား ကူညီရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် ဖြစ်လာခဲ့ခြင်း ဖြစ်ကာ ထိုအရာမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donbass ဒေသတွင် ရုရှားတို့အား ဆန့်ကျင်တိုက်ခိုက်ရာတွင် ယူကရိန်းနိုင်ငံ၏ လိုလားနေသောအရာ ဖြစ်ကြောင်း သိရသည်။

၁၈၆ မိုင်(ကီလိုမီတာ ၃၀၀) အထိ သွားနိုင်သည့် တာဝေးပစ်ဒုံးကျည်စနစ်အစား အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ တာလတ်ပစ်ဒုံးကျည်များအား ပေးပို့နေပြီး ယင်းတာလတ်ပစ်ဒုံးကျည်များသည် မိုင် ၅၀(ကီလိုမီတာ ၈၀)ခန့် သွားနိုင်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မေ ၃၁ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏အစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်းရှိ စစ်မြေပြင်တွင် အဓိကပစ်မှတ်များအား ပိုမိုတိကျစွာတိုက်ခိုက်နိုင်မည့် ပိုမိုအဆင့်မြင့်မားသော ဒုံးကျည်စနစ်များ နှင့် စစ်လက်နက်ပစ္စည်းများကို ယူကရိန်းနိုင်ငံသားများအား ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ကြောင်း ပြင်ပဆောင်းပါးရှင်အဖြစ် The New York Times တွင် ရေးသားဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံသည် NATO နှင့် ရုရှားနိုင်ငံတို့အကြား စစ်ပွဲတစ်ပွဲ ဖြစ်ရန် လုပ်ဆောင်မည်မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။

မေ ၃၀ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံအတွင်းသို့ တိုက်ခိုက်နိုင်သည့် ဒုံးကျည်စနစ်များအား ယူကရိန်းနိုင်ငံသို့ ပေးပို့ရန် ဖြစ်နိုင်ခြေအား ငြင်းပယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
U.S. to send medium-range rocket systems to Ukraine
A 700-million-U.S.-dollar weapon package will be formally unveiled on Wednesday, including High Mobility Artillery Rocket Systems (HIMARS), which are to enable Ukraine to fire more precisely at targets in its eastern part.
WASHINGTON, June 1 (Xinhua) — The United States will send medium-range rocket systems to Ukraine in a new security assistance package, senior administration officials said Tuesday.

A 700-million-U.S.-dollar weapon package will be formally unveiled Wednesday, including High Mobility Artillery Rocket Systems (HIMARS), which are to enable Ukraine to fire more precisely at targets in its eastern part, the officials said.

The officials, who spoke on condition of anonymity, said Ukrainian officials had offered assurances that the HIMARS would not be used to strike targets inside the Russian territory.
The announcement came amid reports that the United States was preparing to aid Ukraine with advanced long-range rocket systems, something Kiev is craving in its fights against Russia in the eastern Donbass region.
Instead of those long-range rocket systems that can travel as far as 186 miles (300 km), the United States is sending what it considers medium-range rockets to Ukraine, ones that can travel about 50 miles (80 km), according to the officials.
Also on Tuesday, U.S. President Joe Biden wrote in a guest essay carried by The New York Times that his administration will continue to “provide the Ukrainians with more advanced rocket systems and munitions that will enable them to more precisely strike key targets on the battlefield in Ukraine.”
The United States does not seek “a war” between NATO and Russia, Biden said.
On Monday, he ruled out the possibility of Washington sending to Ukraine “rocket systems that can strike into Russia.” ■
Photo – Ukrainian President Volodymyr Zelensky (4th R) and visiting U.S. Secretary of State Antony Blinken (4th L) and U.S. Defense Secretary Lloyd Austin (3rd L) meet in Kiev, Ukraine, April 24, 2022. (Ukrainian Presidential Office/Handout via Xinhua)