Connect with us

China

တရုတ်နိုင်ငံ ကန်းစုပြည်နယ်က တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပထမဆုံး နိုင်ငံတကာကုန်တင်ရထားပြေးဆွဲမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Baoji မြို့ရှိ ထောက်ပံ့သယ်ပို့အခြေစိုက်စခန်းမှ ထွက်ခွာ၍ တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် မောင်းနှင်မည့် ကုန်တင်ရထားတစ်စင်းအား မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ကျိုး၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် Dunhuang မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ကုန်တင်ရထားတစ်စင်းသည် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့ပြီး တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ကန်းစုပြည်နယ်၏ ပထမဆုံး နိုင်ငံတကာ ကုန်တင်ရထား ပြေးဆွဲခြင်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ဂွမ်း တန်ချိန် ၅၃၀ တင်ဆောင်ထားသော အဆိုပါ ရထားသည် အချိန် ၁၂ ရက်အတွင်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့ ရောက်ရှိရန်လျာထားသည်။ တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ခရီးစဉ်သည် ယခင်က မြို့နှစ်မြို့ကြား အချိန် ရက်ပေါင်း ၄၀ ကြာမြင့်သော ရေလမ်းကြောင်း ခရီးစဉ်ဖြင့် နှိုင်းယှဉ်ပါက အချိန် ၂၈ ရက်သက်သာစေမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်အသစ်သည် ကန်းစုနှင့် အရှေ့တောင်အာရှနိုင်ငံများကြား ချိတ်ဆက်ထားသည့် နောက်ထပ် ထိရောက်၍ ကုန်ကျစရိတ်သက်သာပြီး ဘေးကင်း အဆင်ပြေသော နိုင်ငံတကာ ထောက်ပံ့သယ်ပို့ချန်နယ်တစ်ခု ဖြစ်ကြောင်း ကန်းစုပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနက ပြောခဲ့သည်။

ပိုးလမ်းမ စီးပွားရေးလမ်းကြောင်း၏ အချက်အချာနေရာအဖြစ် ကန်းစုပြည်နယ်သည် မကြာသေးမီနှစ်များက တံခါးဖွင့်ဝါဒကို အရှိန်မြှင့်တင်လျက်ရှိသလို ဗဟိုအာရှ၊ တောင်အာရှနှင့် ဥရောပရှိနိုင်ငံများနှင့် နိုင်ငံတကာ ကုန်တင်ရထားလိုင်းများ ပိုမိုချိတ်ဆက် ပြေးဆွဲခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က စတင်ပြေးဆွဲခဲ့သော တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့နှင့် ချိတ်ဆက်ထားသည့် ကီလိုမီတာ ၁,၀၀၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)

China’s Gansu launches first int’l freight train via China-Laos Railway
Source: XinhuaEditor: huaxia2022-04-21 16:09:30

LANZHOU, April 21 (Xinhua) — A freight train departed Thursday morning from Dunhuang City, northwest China’s Gansu Province for Thailand’s Bangkok, marking the opening of Gansu’s first international freight train that runs via the China-Laos Railway.

Loaded with 530 tonnes of asbestos, the train is scheduled to arrive in Bangkok via Laos’ Vientiane in 12 days. The trip via the China-Laos Railway can save 28 days, compared with the previous 40-day sea shipping route between the two cities, according to the local authorities.

The Department of Commerce of Gansu said that the new passage is another efficient, economical, safe and convenient international logistics channel linking Gansu and Southeast Asian countries.

As a core area of the Silk Road Economic Belt, the inland province has sped up its opening-up and operated more international freight train lines linking with Central Asian, South Asian and European countries in recent years.

The China-Laos Railway, which kicked off operation on Dec. 3, 2021, stretches over 1,000 km, linking Kunming, the capital of southwest China’s Yunnan Province, with the Laotian capital Vientiane. ■
Photo : A freight train heading for the Laotian capital Vientiane, traveling via the China-Laos Railway, is about to leave a logistics base in Baoji City, northwest China’s Shaanxi Province, March 30, 2022. (Xinhua/Ran Xingjie)