Connect with us

Europe

ယူကရိန်းနိုင်ငံ၌ တိုက်ပွဲကြာရှည်စေရန် NATO ကြိုးစားနေကြောင်း ရုရှား ပြောကြား

ယူကရိန်းနိုင်ငံ Irpin မြို့ရှိ လမ်းပေါ်တွင် ထိုင်နေသည့် ယူကရိန်းစစ်သားတစ်ဦးအား မတ်လ ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခ ကြာရှည်စေရန် အရာအားလုံးကို လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

NATO နိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ ၊ လက်နက်များ နှင့် ခဲယမ်းမီးကျောက်များအား ထောက်ပံ့မှုများ တိုးလာနေကြောင်း နှင့် Donbass ကို ဆက်လက်ရန်စရန် ယူကရိန်းနိုင်ငံအား တွန်းအားပေးနေကြောင်း ၎င်းက အပတ်စဉ်ပြုလုပ်သည့် ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယင်းလုပ်ဆောင်ချက်များမှာ ယူကရိန်းနိုင်ငံ၌ စစ်မက်ဖြစ်ပွားခြင်းများ တတ်နိုင်သမျှအမြန်ဆုံး ရပ်သင့်ကြောင်း NATO နိုင်ငံများ၏ ပြောဆိုမှုများနှင့် ဆန့်ကျင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး စတင်ချိန်မှစ၍ ယူကရိန်းနိုင်ငံသည် နိုင်ငံ ပေါင်း ၆၃ နိုင်ငံထံမှ ပြည်ပကြေးစားစစ်သား ၇,၀၀၀ ခန့်အား ဆွဲဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံသည် အဓိကအရင်းအမြစ်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)

Russia says NATO tries to prolong fighting in Ukraine
MOSCOW, April 20 (Xinhua) — North Atlantic Treaty Organization (NATO) member countries are doing everything to prolong the armed conflict in Ukraine, Russian Foreign Ministry spokesperson Maria Zakharova said Wednesday.
NATO countries are increasing the supplies of military equipment, weapons and ammunition to Ukraine and pushing Kiev to continue “aggression” against Donbass, Zakharova said at her weekly briefing.
These deeds go against NATO countries’ words that hostilities in Ukraine should end as soon as possible, she said.
Since the beginning of Russia’s special military operation, Ukraine has attracted about 7,000 foreign mercenaries from 63 countries, with the United States as one of the major sources, Zakharova said. ■
Photo – A Ukrainian soldier sits by the road in Irpin, Ukraine, on March 4, 2022. (Photo by Diego Herrera/Xinhua)