Connect with us

Europe

အမေရိကန်ဒုတိယသမ္မတ၊ Meta အမှုဆောင်အရာရှိချုပ်တို့ကို ရုရှားက လူပုဂ္ဂိုလ်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ သတ်မှတ်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ Capitol Hill တွင် အမေရိကန် ဘဏ္ဍာရေးဝန်ဆောင်မှုကော်မတီ၌ သက်သေခံထွက်ဆိုနေသော မာ့ခ် ဇူကာဘတ်အား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ကာမာလာ ဟဲရစ် (Kamala Harris) နှင့် Meta အမှုဆောင်အရာရှိချုပ် မာ့ခ် ဇူကာဘတ် (Mark Zuckerberg) အပါအဝင် အမေရိကန်နိုင်ငံသား ၂၉ ဦးနှင့် ကနေဒါနိုင်ငံသား ၆၁ ဦးတို့အား လူပုဂ္ဂိုလ်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်က ပြောကြားခဲ့သည်။

အမေရိကန်န သမ္မတ ဂျိုးဘိုင်ဒန် အစိုးရမှ သတ်မှတ်ထားသော ရုရှားဆန့်ကျင်ရေး ဒဏ်ခတ်ပိတ်ဆို့မှုမျာအား တုံ့ပြန်သည့်အနေဖြင့် ရုရှား၏ “ရပ်ဆိုင်းစာရင်း” ၌ အမေရိကန်နိုင်ငံသား ၂၉ ဦး ပါဝင်လာခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

“ရုရှားဆန့်ကျင်ရေးအစီအစဉ် လုပ်ဆောင်နေတဲ့ အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေ၊ စီးပွားရေးသမားတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ သတင်းထောက်တွေအပြင် အဆင့်မြင့်အရာရှိတွေ အမြောက်အများရဲ့ ဇနီးတွေကိုလည်း” စာရင်း၌ ထည့်သွင်းထားကြောင်းနှင့် အချိန်ကာလအကန့်အသတ်မရှိ ရုရှားနိုင်ငံသို့ ပြည်ဝင်ခွင့် ငြင်းပယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကနေဒါနိုင်ငံက “ရုရှာဆန့်ကျင်ရေးလုပ်ဆောင်ချက်” ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံ၏ “ရပ်နားစာရင်း” တွင် ကနေဒါ အစိုးရ၊ ကာကွယ်ရေး အဖွဲ့ဝင်များနှင့် မီဒီယာ ကိုယ်စာလှယ်များကိုလည်း ထည့်သွင်းလိုက်ကြောင်း၊ ကနေဒါနိုင်ငံသား ၆၁ ဦးကို ရုရုားသို့ ပြည်ဝင်ခွင့် တားမြစ်လိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံမှ ရန်လိုသောလုပ်ဆောင်မှုများ ဆောင်ရွက်နေသည်ကို လက်တုံ့ပြန်သောအားဖြင့် “ရပ်နားစာရင်း” အား နောက်ပိုင်းတွင် တိုးချဲ့သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောခဲ့သည်။ (Xinhua)

…………………………………….
(English Version)
Russia imposes personal sanctions on U.S. vice president, Meta CEO

Source: Xinhua

Editor: huaxia

2022-04-22 04:44:14
MOSCOW, April 21 (Xinhua) — Russia has imposed personal sanctions on 29 U.S. citizens, including U.S. Vice President Kamala Harris and Meta CEO Mark Zuckerberg, and 61 Canadian citizens, the Russian Foreign Ministry said Thursday.

A total of 29 U.S. citizens are included in Russia’s “stop list” in response to the anti-Russian sanctions imposed by the U.S. Joe Biden administration, the ministry said.

“Top U.S. leaders, businessmen, experts and journalists, who are pursuing a Russophobic agenda, as well as the spouses of a number of high-ranking officials” are among those added to the list, and they will be denied entry to Russia for an indefinite term.

Russia has also included a group of Canadian government, defense, and media representatives in the country’s “stop list” in response to “the Russophobic course” pursued by Canada. Sixty-one Canadian citizens will be prohibited from entering Russia.

The foreign ministry said the “stop list” would be expanded in the near future, in response to the hostile actions carried out by the United States and Canada. ■
Photo : Mark Zuckerberg testifies before the U.S. House Financial Services Committee on Capitol Hill in Washington D.C., the United States, on Oct. 23, 2019. (Xinhua/Liu Jie)