Connect with us

Europe

ရုရှား မော့စ်ဗာ စစ်သင်္ဘော နစ်မြုပ်မှုကြောင့် စစ်သားတစ်ဦးသေဆုံး၊ ၂၇ ဦး ပျောက်ဆုံး

ဆီးရီးယားနိုင်ငံ တားတပ်စ်ဆိပ်ကမ်းအနီး မော့စ်ဗာစစ်သင်္ဘောအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ယခင်သီတင်းပတ်က ပင်လယ်နက်အတွင်း ရုရှားနိုင်ငံ၏ မော့စ်ဗာ (Moskva) စစ်သင်္ဘောကြီး လွတ်မြောက်ရန် ကြိုးပမ်းချိန်၌ စစ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြား သင်္ဘောဝန်ထမ်း ၂၇ ဦး ပျောက်ဆုံးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။

ပင်လယ်နက်အတွင်း ရုရှား၏ အထင်ကရဖြစ်သော မော့စ်ဗာ စစ်သင်္ဘော၏ ကျန်ရှိသော ဝန်ထမ်း ၃၉၆ ကိုမူ ယင်းနေရာရှိ အခြားသင်္ဘောများမှ ကယ်ဆယ်ခဲ့ပြီး Sevastopol သို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

စစ်သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများနှင့် မိတ်ဆွေများအား လိုအပ်သော ပံ့ပိုးမှုနှင့် ကူညီမှုများအားလုံး ပေးအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

စစ်တမ်းအရ မော့စ်ဗာ စစ်သင်္ဘောကြီး၏ မြောက်များစွာသော အမှုထမ်းများသည် ပင်လယ်နက်ရေယာဉ်အုပ်စုကြီးတွင် ဆက်လက်တာဝန်ထမ်းဆောင်လိုကြကြောင်း သိရသည်။

မော့စ်ဗာစစ်သင်္ဘောသည် ဧပြီ ၁၃ ရက်က ပစ်ခတ်မှုကြောင့် သင်္ဘောပေါ်ရှိ လက်နက်ခဲယမ်းများ ပေါက်ကွဲခြင်းကြောင့် “ဆိုးဝါးစွာပျက်စီးခဲ့ကြောင်း” နှင့် နောက်တစ်နေ့အကြာတွင် သင်္ဘောအား ဆိပ်ကမ်းတစ်ခုသို့ ဆွဲသွားစဉ် မုန်တိုင်းထန်သောပင်လယ်ပြင်၌ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယူကရိန်းနိုင်ငံက နယ်စပ်ကမ်းခြေစောင့်တပ်ဖွဲ့က မော့စ်ဗာစစ်သင်္ဘောအား နက်ပ်ကျွန်း (Neptune) သင်္ဘောဖျက်ဒုံးကျည်များ အသုံးပြုကာ ပစ်ခတ်ခဲ့ကြောင်းနှင့် အဆိုပါ စစ်သင်္ဘောမှာ “အလွန်ဆိုးဝါးစွာ ပျက်စီးသွားခဲ့ကြောင်း” ပြောကြားခဲ့သည်။  (Xinhua)

………………………………………………

(English Version)

One soldier dead, 27 missing as Russian cruiser Moskva sinks

Source: XinhuaEditor: huaxia2022-04-23 04:37:00

MOSCOW, April 22 (Xinhua) — One soldier died and 27 other crew members went missing when they were fighting for the survival of the Russian missile cruiser Moskva that sank in the Black Sea last week, the Russian Defense Ministry said Friday.

The remaining 396 crew members of the Moskva, the flagship of Russia’s Black Sea Fleet, were evacuated to other ships in the area and delivered to Sevastopol, the ministry said in a statement.

The ministry has provided all the necessary support and assistance to the families and friends of the deceased and missing, it added.

According to a survey, the vast majority of the Moskva crew members want to continue to serve in the Black Sea Fleet.

The Moskva was “seriously damaged” by the detonation of ammunition onboard as a result of a fire on April 13 and a day later it sank in stormy seas when it was being tugged to a port, the Russian Defense Ministry said.

The Ukrainian side said that its border guards used Neptune anti-ship cruise missiles to deliver “very serious damage” to the Moskva. ■

Photo : File photo taken on Dec. 17, 2015 shows the Moskva missile cruiser near the Tartus port of Syria. (Xinhua/Zhang Jiye)